ဖိလစ်ပိုင်နိုင်ငံကိုပြန်ရတော့မှာဖြစ်လို့ အရမ်းချစ်ခင်ရတဲ့သူငယ်ချင်းတွေကို ပွေ့ဖက်ပြီးမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့တဲ့ Sinon Lorseca ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/14/14de10562d77df5378c3fd236b36f51650a34668.jpeg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဖိလစ်ပိုင်နိုင်ငံကိုပြန်ရတော့မှာဖြစ်လို့ အရမ်းချစ်ခင်ရတဲ့သူငယ်ချင်းတွေကို ပွေ့ဖက်ပြီးမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့တဲ့ Sinon Lorseca ရဲ့ဗီဒီယိုဖိုင်

မြန်မာပြည်သူ၊ပြည်သားတွေရဲ့အချစ်များစွာကို ရရှိပိုင်ဆိုင်ထားတဲ့ Sinon Loresca ကတော့ မြန်မာနိုင်ငံမှာ အချိန်အတော်ကြာနေထိုင်ပြီး အနုပညာအလုပ်တွေလုပ်ဆောင်နေတာဖြစ်ပါတယ်။Sinon Loresca ကို ပရိသတ်တွေတင်မကဘဲ အနုပညာရှင်တွေကပါချစ်ကြတာကြောင့် လက်တွဲခေါ်ပြီး ကြော်ငြာတွေ၊ဇာတ်ကားတွေအတူတူရိုက်ကူးကြတာဖြစ်ပါတယ်။Sinon Lorsecaကလည်း နွေးထွေးကြင်နာကြတဲ့ မြန်မာပြည်သူ၊ပြည်သားတွေကို အရမ်းချစ်လို့ဒီနိုင်ငံမှာ အကြာကြီးနေထိုင်ခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Sinon Lorseca’s Facebook page 

Sinon Lorsecaက အလှူအတန်းလည်းအရမ်းရက်ရောပြီး လူတန်းစားမခွဲခြားတတ်ဘဲ တန်းတူဆက်ဆံပေးတတ်တာကြောင့် သူ့ရဲ့စိတ်ထားလေးကို လူတိုင်းကချီးကျူးနေကြတာဖြစ်ပါတယ်။Sinon Lorseca ရဲ့ ပွင့်လင်းရိုးသားပုံတွေ၊ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် မြန်မာပြည်သူ၊ပြည်သားတွေကြားမှာ ရေပန်းစားအောင်မြင်နေတာပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ Sinon Lorsecaက မိခင်ကြောင့် မိမိနေထိုင်ရာဖိလစ်ပိုင်နိုင်ငံကို ပြန်တော့မှာဖြစ်ပါတယ်နော်။

Photo Credit:Sinon Lorseca’s Facebook page 
Photo Credit:Sinon Lorseca’s Facebook page 
Photo Credit:Sinon Lorseca’s Facebook page 
Photo Credit:Sinon Lorseca’s Facebook page 

ဒီနေ့မနက်မှာ Sinon က လေယာဉ်စီးမှာဖြစ်လို့ ရင်းနှီးခင်မင်ရတဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေက လိုက်ပို့ခဲ့ကြတာဖြစ်ပါတယ်။Sinonကလည်း သူငယ်ချင်းတွေကို ပွေ့ဖက်ပြီးမျက်ရည်တွေနဲ့နှုတ်ဆက်ကာ မြန်မာပြည်သူ၊ပြည်သားတွေကိုလည်း “ပြန်လည်ဆုံတွေ့ကြမယ်နော်”ဆိုပြီး မှာကြားခဲ့တာဖြစ်ပါတယ်။လူအများရဲ့ချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ Sinonကတော့ လေယာဉ်ပေါ်မတက်ခင်အချိန်လေးမှာ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Sinon Lorseca’s Facebook page 
Photo Credit:Sinon Lorseca’s Facebook page 
Photo Credit:Sinon Lorseca’s Facebook page 
Photo Credit:Sinon Lorseca’s Facebook page 
Photo Credit:Sinon Lorseca’s Facebook page 
Photo Credit:Sinon Lorseca’s Facebook page 

Photo Credit:Sinon Lorseca’s Facebook page 

Source&Video Credit:Sinon Lorseca’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T