အခြေအနေမကောင်းဘူး၊စိုးရိမ်ရတယ်ဆိုပြီး ညအချိန်မတော်ကြီးစာပို့နေသူတွေကို နောက်မပို့ကြဖို့ ကြိုတောင်းပန်လိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

//s9.kh1.co/7f/7f7412a7b3219c8775a9d262444c8bb32ec5aedc.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အခြေအနေမကောင်းဘူး၊စိုးရိမ်ရတယ်ဆိုပြီး ညအချိန်မတော်ကြီးစာပို့နေသူတွေကို နောက်မပို့ကြဖို့ ကြိုတောင်းပန်လိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

သရုပ်ဆောင်နှိုင်းရှင်မြင့်မိုရ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နှိုင်းရှင်မြင့်မိုရ်ကတော့ လက်ရှိမှာဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ လူထုလှုပ်ရှားမှုမှာပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားစရာတွေပေးလှူလေ့ရှိပါတယ်။

Photo Credit:  nhying shin ' s facebook acc 
Photo Credit: nhying shin ' s facebook acc 
Photo Credit:  nhying shin ' s facebook acc 
Photo Credit: nhying shin ' s facebook acc 

သူမကတော့ ယခုမှာ အခြေအနေမကောင်းဘူး၊စိုးရိမ်ရတယ်ဆိုပြီး ညအချိန်မတော်ကြီးစာပို့နေသူတွေကို နောက်မပို့ကြဖို့ ကြိုတောင်းပန်လိုက်ပါတယ်။နှိုင်းရှင်မြင့်မိုရ်ကတော့ " အားလုံးကို တစ်ခုလောက်ကြိုတောင်းပန်ထားပါစေ ညည အချိန်မတော်တော့မှ ညမရေ ပြေးတော့.. အခြေအနေမကောင်းဘူး စိုးရိမ်ရတယ်...ဒီညဝင်ဆွဲမယ်တစ်နေရာရာမှာသွာပုန်းနေတော့ ဆိုပြီး စာတွေလာလာပို့ကြတယ်...စိတ်ပူလို့ပြောမှန်းသိပေမယ့် နောက် အဲ့လို စာတွေမပို့ပါနဲ့... ဖမ်းကာမှဖမ်း...ဆွဲကာမှဆွဲ....ကျွန်မက ပြေးရ ပြောင်းရ နေရာရွှေ့ရအောင် ရာဇဝတ်လူသတ်ကောင် လည်းမဟုတ်ဘူး....ဘာအမှုမှလည်းကျူးလွန်မထားဘူး....ကုန်ကုန်ပြောမယ်....ကျွန်မ ရဲ့ အကောင့်မှာ သူတို့နဲ့ပတ်သက်လို့ ဆဲဆိုပြီးပြောဆိုထားတာတောင် မရှိဘူး "ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

Photo Credit:  nhying shin ' s facebook acc 
Photo Credit: nhying shin ' s facebook acc 
Photo Credit:  nhying shin ' s facebook acc 
Photo Credit: nhying shin ' s facebook acc 

နှိုင်းရှင်မြင့်မိုရ်ကတော့ " ဒီအချိန်မှာ မြန်မာနိုင်ငံမှာ နေတဲ့ လူတစ်ယောက် အနေနဲ့ ဒါမျိုးမတရားတာကိုမကြိုက်ဘူးဆိုတာကို ပေါ်တင်ပြောရဲတယ်....ငြိမ်းချမ်းစွာ ထုတ်ဖော်တယ်...အလှူလုပ်တယ်...အရေးကြီးတဲ့သတင်းတွေဆို သူများနည်းတူ ကူးပြီး တင်ပေးတယ် ....ဒါ ခု တော်တော်များများလုပ်နေကြတဲ့အလုပ်ပဲ....အဲ့အတွက် ကျွန်မကို ညအချိန်မတော်မှ ဟိုပြေးပါလားဒီ ပြေးနေပါလား ဆိုပြီး ကြောက်စိတ်ဝင်အောင် မပြောကြပါနဲ့ .လူတိုင်းကြောက်တယ် မကြောက်ဘူးဆိုတာ ညာတာဒါပေမယ့် ကြောက်နေရုံနဲ့ပြီးမယ့်ကိစ္စ မဟုတ်ဘူး ကျွန်မက အဆုံးထိ တွေးပြီး အကုန်ပြင်ဆင်ထားပြီးသား...ဘယ်မှမရွှေ့ဘူး "ဆိုပြီး သူမရဲ့ Fb Accမှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: nhying shin ' s facebook acc 

Photo Credit:  nhying shin ' s facebook acc 
Photo Credit: nhying shin ' s facebook acc 
Photo Credit:  nhying shin ' s facebook acc 
Photo Credit:  nhying shin ' s facebook acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T