ဗဟိုဘဏ်အရှေ့ကိုသွားပြီး နိုင်ငံတော်သီချင်းကို ညီညီညာညာသီဆိုရင်း လူထုကိုဦးဆောင်နေတဲ့ ဇင်ဝိုင်း၊လူမင်း၊လွင်မိုးနဲ့ခင်လှိုင်တို့ရဲ့Liveဗီဒီယို

//s9.kh1.co/49/49a51da1346a2efae880b843b156f7272e1e84b0.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဗဟိုဘဏ်အရှေ့ကိုသွားပြီး နိုင်ငံတော်သီချင်းကို ညီညီညာညာသီဆိုရင်း လူထုကိုဦးဆောင်နေတဲ့ ဇင်ဝိုင်း၊လူမင်း၊လွင်မိုးနဲ့ခင်လှိုင်တို့ရဲ့Liveဗီဒီယို

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တော်တော်များများကတော့ လတ်တလောအခြေအနေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေကြတာ ဖြစ်ပါတယ် ။ နေ့စဥ်နေ့တိုင်း အားမလျှော့ဘဲ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတဲ့ အနုပညာရှင်တွေကို ပရိသတ်တွေကတောင် ချီးကျူးနေရပြီလည်း ဖြစ်ပါတယ် ။ ဝါရင့်အနုပညာရှင်ကြီးတွေဖြစ်ကြတဲ့ ဇင်ဝိုင်း၊လွင်မိုးနဲ့လူမင်းတို့ကတော့ အနုပညာမောင်နှမတွေကို ထိပ်ဆုံးကနေ ဦးဆောင်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit -Ayarwaddy Lu Min's FB Acc
Photo Credit -Ayarwaddy Lu Min's FB Acc
Photo Credit -Ayarwaddy Lu Min's FB Acc
Photo Credit -Ayarwaddy Lu Min's FB Acc
Photo Credit -Ayarwaddy Lu Min's FB Acc
Photo Credit -Ayarwaddy Lu Min's FB Acc

ဒီနေ့ ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှာဆိုရင်လည်း လူမင်းတို့အနုပညာရှင်တစ်စုက ဗဟိုဘဏ်အရှေ့ကို သွားရောက်ပြီး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ လူမင်းတို့အဖွဲ့က ဆိုင်းဘုတ်တွေအတူတူကိုင်ပြီး နိုင်ငံတော်သီချင်းကို ညီညီညာညာ သီဆိုခဲ့ကြတာလည်း ဖြစ်ပါတယ် ။ အနုပညာရှင်များအဖွဲ့ရဲ့လှုပ်ရှားမှုအခြေအနေတွေကတော့ သားညီက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Thar Nyi's FB Acc
Photo Credit -Thar Nyi's FB Acc
Photo Credit -Thar Nyi's FB Acc
Photo Credit -Thar Nyi's FB Acc
Photo Credit -Thar Nyi's FB Acc
Photo Credit -Thar Nyi's FB Acc

နိုင်ငံတော်သီချင်းဆိုတဲ့အချိန်မှာတော့ အနုပညာရှင်တွေအားလုံးက အားမာန်အပြည့်နဲ့ တက်တက်ကြွကြွသီဆိုပြီး သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ပြသခဲ့ကြတာ ဖြစ်ပါတယ် ။ လူမင်းကတော့ အားပေးစကားတွေပြောကြားခဲ့သလို ပြည်သူ့ဝန်ထမ်းတွေကို ပူးပေါင်းပါဝင်ပေးဖို့ အနူးအညွတ် တောင်းဆိုခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ နိုင်ငံအတွက် တာဝန်ကျေပွန်ရင်း လူထုကိုဦးဆောင်နေကြတဲ့ ဇင်ဝိုင်း၊လူမင်း၊လွင်မိုးနဲ့ခင်လှိုင်တို့အနုပညာရှင်တစ်စုရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Thar Nyi's FB Acc

Photo Credit -Thar Nyi's FB Acc
Photo Credit -Thar Nyi's FB Acc
Photo Credit -Thar Nyi's FB Acc
Photo Credit -Thar Nyi's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T