ဘယ်တော့မှ အရှုံးမပေးပဲ ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းစွာဆက်လက် ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ ပိုးကြာဖြူခင်

//s9.kh1.co/f4/f465a4221c34d9594fa45ea85c8dadfea209d3d1.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

MRTV-4ရဲ့ ဇာတ်ဆောင် မင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ပရိသတ်အားပေးမှုကို များစွာပိုင်ဆိုင်ထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ရိုက်ကူးခဲ့ပြီး ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင် အရည်အချင်းတွေကြောင့် အောင်မြင်မှုတွေ တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ သူမ ရိုက်ကူးခဲ့တဲ့ မိုးကောင်းကင်အိမ်မက် ဇာတ်လမ်းတွဲထဲက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးကတော့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုလည်း ဖြစ်ပါတယ်။

Photo credit - Poe Kyar Phyu Khin's Fb Account

ပိုးကြာဖြူခင်ဆိုတဲ့ ပင်ကိုယ်နာမည်အရင်းပြောက်ကာ ဆိုင်းမိုင်ဆိုပြီး ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ပရိသတ်တွေက သူမရဲ့ အနုပညာလှုပ်ရှားမှုမှန်သမျှကို အမြဲ စောင့်ကြည့်အားပေးတတ်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးကြာဖြူခင်က ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်တွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားရတာကို တွေ့ရပါတယ်။ ဒါ့အပြင် အခုလို အခြေအနေမျိုးမှာ ပိုးက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account

ပိုးကြာဖြူခင်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ " ပုဇွန်တောင်သူ ဘယ်တော့မှ အရှုံးမပေးဘူး ငြိမ်းချမ်းစွာဆက်လက်ဆန္ဒထုတ်ဖော်မယ်" ဆိုတဲ့ စာသားလေးကို ရေးသားလာရင်း ဆန္ဒထုတ်ဖော်နေတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ဝန်းရံနေတဲ့ ပိုးကြာဖြူခင်ရဲ့ ပုံလေးတွေကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း ပိုးအတွက် ကောမန့်မှာ အားပေးစကားလေး ပြောပေးခဲ့ကြပါအုန်းနော် ။ 

Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account
Photo credit - Poe Kyar Phyu Khin's Fb Account

သတင်း အရင်းအမြစ်Source - Poe Kyar Phyu Khin's Fb Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T