အဆိုတော်တစ်ယောက်ဖြစ်ပေမယ့်လည်း ရပ်ကွက်လုံခြုံရေးအတွက်ကင်းသမားအဖြစ်တာဝန်ယူဆောင်ရွက်ပေးနေတဲ့ နေဝင်း

//s9.kh1.co/d6/d6bbdeee5f7428b7891c5cec7207deabd3533ade.jpeg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  နေဝင်းကတော့  လူငယ်ကြိုက် Rap သီချင်းတွေကို  သီဆိုသူတစ်ဦးဖြစ်ပြီး  Album တွေလည်း  ထွက်ရှိထားတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေအပေါ်မှာလည်း  အမြဲ Respect ထားတတ်သူတစ်ဦးဖြစ်တာကြောင့်လည်း  အားလုံးရဲ့ ချီးကျူးသံတွေကို  ရရှိထားတာလည်း  ဖြစ်ပါတယ်။     နေဝင်းဟာ  ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ  ကြည်နူးစရာကောင်းတဲ့  အိမ်ထောင်ရေးကို အတူလျှောက်လှမ်းနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 

​သူဟာ  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  တက်ကြွစွာ  ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  အခြားသောဆိုရှယ်မီဒီယာများတွင်လည်း  ဒီအခြေအနေကို  ပြည်ပနိုင်ငံများကပါ  သိရှိစေရန်  အချိန်နဲ့တစ်ပြေးညီသတင်းတွေကို  တင်ပေးနေတာလည်း  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်ကာ  လှုပ်ရှားမှုတွေလုပ်နေကြတဲ့  ပြည်သူတွေအတွက်လည်း  လိုအပ်တဲ့လှူဒါန်းမှုတွေကို  ပြုလုပ်ဆောင်ရွက်ပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း  နေဝင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  လတ်တလောသူ့ရဲ့အခြေအနေကို  ရေးသားထားတာလည်း  ဖြစ်ပါတယ်။  ဒါကတော့  အဆိုတော်တစ်ယောက်ဖြစ်ပေမယ့်လည်း ရပ်ကွက်လုံခြုံရေးအတွက်ကင်းသမားအဖြစ်တာဝန်ယူဆောင်ရွက်ပေးနေတာပဲ  ဖြစ်ပါတယ်။  သူကလည်း " အဆိုတော်ကနေ ကင်းသမားဖြစ်သွားပြီ ...

ဒါပေမယ့် ရတယ် ...

 တိုင်းပြည်အတွက်  

အနာဂတ်အတွက် ✊✊✊ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Nay Win’s Facebook Account 

Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 
Photo Crd-Nay Win’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T