လူငယ်လေးတွေဖြစ်ပေမယ့် ရဲရင့်တက်ကြွပြီး လူထုလှုပ်ရှားမှုမှာအတူပါဝင်နေတဲ့ သူ့ရဲ့သားအမွှာလေးနှစ်ယောက်ကို ချီးကျူးလိုက်တဲ့ ဖေဖေဒိန်းဒေါင်

//s9.kh1.co/b1/b11a4bcc4503a1bf5a3efc40a5d2072e87c44ebc.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လူငယ်လေးတွေဖြစ်ပေမယ့် ရဲရင့်တက်ကြွပြီး လူထုလှုပ်ရှားမှုမှာအတူပါဝင်နေတဲ့ သူ့ရဲ့သားအမွှာလေးနှစ်ယောက်ကို ချီးကျူးလိုက်တဲ့ ဖေဖေဒိန်းဒေါင်

ဟာသသရုပ်ဆောင်တစ်ဦးဖြစ်သလို လူရွှင်တော်လည်းဖြစ်တဲ့ ဒိန်းဒေါင်ကတော့ ပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် ရင်းနှီးမှုရရှိနေပြီးသား ဖြစ်ပါတယ် ။ ဒိန်းဒေါင်က ရယ်ရွှင်ဖွယ်ရာ ဟာသပြက်လုံးတွေကို သူများတွေနဲ့မတူအောင် ဖန်တီးလေ့ရှိပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးတတ်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် အလှူအတန်းလည်းရက်ရောတဲ့ ဒိန်းဒေါင်က ချွန်တွန်းပရဟိတအဖွဲ့ကို ဦးဆောင်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီကယ်တင်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc

လက်ရှိကာလမှာဆိုရင်လည်း ဒိန်းဒေါင်က သူကိုယ်တိုင်ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပြီး တိုင်းပြည်အတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ ဒိန်းဒေါင်က လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက်ပါဝင်သလို သူ့ရဲ့သားအမွှာလေးနှစ်ယောက်ကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ် ။ ဒိန်းဒေါင်ရဲ့သားလေးနှစ်ယောက်ကတော့ လူငယ်လေးတွေဖြစ်ပေမယ့်လည်း စိတ်ဓာတ်တွေက ရဲရင့်နေတာ ဖြစ်ပါတယ် ။

Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc

ဒါကြောင့် ဖေဖေဒိန်းဒေါင်က "အမွှာနှစ်ယောက်သမိုင်းမရိုင်းစေရဘူး" ဆိုပြီး သူ့သားနှစ်ယောက်ရဲ့ပုံလေးကိုတင်ရင်း ချီးကျူးစကားဆိုလိုက်တာ ဖြစ်ပါတယ် ။ ဒိန်းဒေါင်ရဲ့သားလေးတွေကတော့ လူရွှင်တော်ဝတ်စုံလေးတွေ ကိုယ်စီဝတ်ဆင်ပြီး တာဝန်ကျေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကဲ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ဒိန်းဒေါင်ရဲ့သားအမွှာလေးနှစ်ယောက်ရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -Daing Daung's FB Acc

Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc
Photo Credit -Daing Daung's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T