ကျွန်မပြည်သူတွေ သိပ်တော်တာပဲ ဆိုတဲ့အသံလေး ကြားချင်လှပါပြီ လို့ဆိုလာတဲ့ G-Fatt

//s9.kh1.co/e5/e5b4e0420870670e787f03c390b83ee8172360aa.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ တေးသံရှင် G-Fattက ပြည့်သူ့လှုပ်ရှားမှုမှာ အားကြိုးမာန်တက်ပါဝင်ဖြစ်ခဲ့တဲ့ ပုံလေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။ G-Fattဟာ သီချင်းတွေကို တီထွင်ဖန်တီတဲ့ နေရာမှာ လူငယ်တွေရဲ့ ရင်ထဲကို ထိရောက်စေတဲ့ သီချင်း စာသားလေးတွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို တခဲနက် ရရှိခဲ့တာ ပဲ ဖြစ်ပါတယ်။ သူကတော့ Rap သီချင်းတွေကို ခံစားသက်ဝင်မှုအပြည့်နဲ့ သီဆိုပြီး ပရိသတ်တွေ ရင်ထဲ ရောက်ရှိခဲ့တဲ့ တေးသံရှင် တွေထဲက တစ်ဦး ဆိုရင်လည်း မမှာပါဘူး။

Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account

သူကတော့ စတိုင်စမက်ကျပြီး ကြွေစရာကောင်းတဲ့ သီချင်းစာသားတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံ တာကို ခံနေရတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။လက်တလောမှာတော့ G-Fattဟာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပြည်သူလှုပ်ရှားမှုတွေကို ဦးဆောင် ဆောင်ရွက်နေတာ ပဲ ဖြစ်ပါတယ်။ ယခုအခါမှာလည်း ပြည်သူ့ လှုပ်ရှားမှုပါ ပါဝင်ဖြစ်ခဲ့တာကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account

ဒီတစ်ခါမှာတော့ ပြည်သူတွေနဲ့ အတူ ပြည်သူ့လှုပ်ရှားမှုမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ပါဝင်ဖြစ်ခဲ့တဲ့ ပုံလေးတွေကို "ကျွန်မပြည်သူတွေ သိပ်တော်တာပဲ ဆိုတဲ့အသံလေးကြားချင်လှပါပြီ ....." ဆိုတဲ့ ခေါင်းစဥ်လေးတပ်ကာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။အားလုံးနဲ့ အတူ နိုင်ငံခေါင်းဆောင်တွေ ပြည်သူတွေ အရှေ့ ပြန်လည် ရောက်ရှိလာဖို့ မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့အတွက် G-Fattရဲ့ လှုပ်ရှားမှုက ပုံရိပ်လေးတွေကို ချပြပေးလိုက်တာပဲ ဖြစ်ပါတယ်...။

Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account
Photo Crd - G-Fatt's FB account

သတင်း အရင်းအမြစ်G -Fatt's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T