ယုံကြည်ချက်ပန်းတိုင်အတွက် တရုတ်သံရုံးရှေ့မှာ ငြိမ်းချမ်းစွာလှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်ရဲ့ဗီဒီယို

//s9.kh1.co/f0/f0b080d63a27fed15f1c36640e2b2d6140b19314.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းကြတဲ့အပြင် ရယ်စရာဟာသလေးတွေ အမြဲလုပ်တတ်တာတွေကြောင့်လည်း ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး ပရိသတ်အချစ်တွေကိုလည်း ရရှိထားသူတွေကတော့ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ပဲ ဖြစ်ပါတယ်..။

သူတို့သူငယ်ချင်းသုံးယောက်ကတော့ လတ်တလောမှာလည်း လူထုလှုပ်ရှားမှုတွေကို ပါဝင်လုပ်ဆောင်နေပြီး ပြည်သူတွေနဲ့အတူရပ်တည်ကာ အားလုံးရဲ့အနာဂတ်အတွက် တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page
Photo Credit - Kyaw Naing Oo's Fb Acc
Photo Credit - Kyaw Naing Oo's Fb Acc

သူငယ်ချင်းသုံးယောက်အတူဆုံတဲ့ ဒီကနေ့ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာပဲ ပြည်သူတွေနဲ့အတူ တန်းတူရပ်တည်ပြီး ယုံကြည်ချက်ပန်းတိုင်အတွက် တရုတ်သံရုံးရှေ့မှာ ငြိမ်းချမ်းစွာလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်နော်..။

တရုတ်နိုင်ငံရဲ့နာမည်ကျော်ဇာတ်ကောင်တွေဖြစ်တဲ့ ပေါင်ချိန်၊ ကျန်ကျောင်းတို့လို ပြင်ဆင်လာတဲ့ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး တရုတ်သံရုံးရှေ့မှာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ရဲ့ပုံရိပ်လေးတွေကိုလည်း ဝေမျှထားပါသေးတယ်..။

Photo Credit - U Kaung Kyaw's Fb Acc
Photo Credit - U Kaung Kyaw's Fb Acc
Photo Credit - Kyaw Naing Oo's Fb Acc
Photo Credit - Kyaw Naing Oo's Fb Acc
Photo Credit - Kyaw Naing Oo's Fb Acc
Photo Credit - Kyaw Naing Oo's Fb Acc

"တရုတ်သံရုံးရှေ့မှာ ပေါင်ချိန် ကျန်ကျောင်းတို့နဲ့ အတူ.." ဆိုပြီး Live လွှင့်ပြသထားသလို "ပေါင်ချိန် .. ကျန်ကျောင်း ခွေးခေါင်းဓါးစက်တို့နဲ့အတူ.." ဆိုကာ အမှတ်တရပုံရိပ်လေးတွေကိုလည်း ကျော်ကျော်က ပရိသတ်တွေကို ဝေမျှထားတာလည်း တွေ့ရပါတယ်..။

ပြည်သူတွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်းရပ်တည်နေကြတဲ့ အနုပညာရှင်တွေကို ပြည်သူပရိသတ်တွေကလည်း ချီးကျူးနေကြသလို အားပေးထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - U Kaung Kyaw's Fb Acc
Photo Credit - U Kaung Kyaw's Fb Acc
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page

သတင်း အရင်းအမြစ်N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T