နောင်မျိုးဆက်ပေါင်းများစွာရဲ့ အနာဂတ် စိတ်ချ ဘေးကင်း လုံခြုံစေရန်အတွက် စိတ်ဓာတ်ခွန်အားတွေနဲ့ ခဏ ဒုက္ခခံပြီး အတူတူရုန်းကန်ဖို့ နှိုးဆော်လိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/5a/5ac7e60c393b11a6b6e5cb820e23fd7f4c9b6107.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လက်တလောမှာတော့ ပြည်တွင်း နေရာအနှံ့မှာ သာမာန်ပြည်သူတွေသာမက အနုပညာရှင်တွေကပါ ပြည်သူ့လှုပ်ရှားမှုတွေ လုပ်နေကြတာပဲ ဖြစ်ပါတယ်။ယခုအခါမှာလည်း သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ Sodia Media ထက်မှာ လှုံဆော်မှုလေး တစ်ခု ပြောကြားခဲ့တာ ပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးရာကနေ ပရိသတ်တွေ တခဲနက် အားပေးထောက်ခံမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account

ဒီတစ်ခါမှာတော့ ပိုင်ဖြိုးသုဟာ "ဘယ်လိုအန္တရာယ်ပဲရှိရှိ အတူတူ တောင့်ခံကြမယ်။ ကျနော်တို့ပြည်သူတွေမှာ အနာဂတ်ရှိတယ်။ အချိန်ရှိတယ်။ သူတို့မှာ အနာဂတ်မရှိတော့ဘူး။ အချိန်မရှိတော့ဘူး။ တစ်ဦးကိုတစ်ဦး ကာကွယ်ပေးရတယ်ဆိုတဲ့စိတ်ဟာ ကျနော်တို့အတွက် စိတ်ခွန်အားဖြစ်တယ်။ လုံခြုံမှုလည်းဖြစ်ပါတယ်။ ဒီစိတ်ဓါတ်ခွန်အားတွေနဲ့ အခုခဏလောက် ဒုက္ခခံပြီး အတူတူရုန်းကန်လိုက်ရင် မျိုးဆက်ပေါင်းများစွာရဲ့အနာဂတ် စိတ်ချဘေးကင်းလုံခြုံသွားတော့မှာပါ....."

Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account

"လက်နက်တွေအများကြီးပိုင်ထားတဲ့သူ ကြောက်ရွံတုန်လှုပ်နေတာပါ။ ကျနော်တို့ စိတ်ကို တည်ငြိမ်အောင်ထားပြီး ပကတိအန္တရာယ်ကို ရင်ဆိုင်ကြဖို့ပါ။ CDM ဟာ တစ်ပတ်ပဲရှိပါသေးတယ်။ စစ်သည်အင်အား ၄သိန်းကျော်ကြီး ခါယမ်းနေတယ်။ ၂ပတ်ရှိရင် ... ၃ပတ်ရှိရင် ...။ ကျနော်တို့ နောက်ထပ် ၂လ၊ ၃လ ဆက်တောင့်ခံနိုင်ဖို့ စိတ်ခွန်အားတွေ မွေးထားကြပါ။ သူတို့ ၂လ၊ ၃လ တောင့်မခံနိုင်ပါဘူး။ တစ်လတောင် တောင့်မခံနိုင်ပါဘူး..." ဆိုပြီး စိတ်ခွန်အားအတွက် လှုံ့ဆော်မှုလေး ပြောလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်....။

Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account

သတင်း အရင်းအမြစ်Paing Phyo Thu's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T