ဂီတအနုပညာမောင်နှမတွေနဲ့အတူ မြေနီကုန်းကပြည်သူပရိသတ်တွေနဲ့ပူးပေါင်းကာလူထုလှုပ်ရှားမှုတွေ‌မှာ ပါ၀င်ခဲ့တဲ့ Rဇာနည်

//s9.kh1.co/c3/c3b50fc7fc0a4ed7c2e6e7f4607d5ec40f95e4a1.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေပြီး သီချင်းကောင်းတွေကို ပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်Rဇာနည်ကိုသိကြမယ်ထင်ပါတယ်နော်။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့အတူလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာဖြစ်ပြီး ဒီထဲမှာဆိုရင် Rဇာနည်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်.....။

Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc

အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင် တစ်ရက်ပြီးတစ်ရက်အားကောင်းလာနေတာဖြစ်ပြီး ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးကသူတွေလည်း ပါ၀င်လာကြတာတွေ့ရပါတယ်နော်။ အခုဆိုရင်လည်း Rဇာနည်ဟာ ဂီတအနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ မြေနီကုန်းမှာတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကို ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်.....။

Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc

အခုလိုမျိုး ပြည်သူတွေနဲ့အတူ တစ်သားတည်းအခိုင်အမာရပ်တည်ကာ ပူးပေါင်းပါ၀င်နေတဲ့ သူ့ရဲ့ ပုံရိပ်တွေကို Rဇာနည်ဟာ Facebookစာမျက်နှာမှာ "ငါတို့ဂီတ..." ဆိုတဲ့ captionလေးနဲ့ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc
Photo credit-​ Zarni Myonyunt's Facebook acc

သတင်း အရင်းအမြစ်Zarni Myonyunt's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T