အနုပညာမောင်နှမတွေနဲ့အတူ ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ တစ်နေ့မှမနားဘဲ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/1a/1ac00aad9b6bcf5c2e96b983ec53c4dc0d2d457d.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောပိုင်ဖြိုးသုကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်နေသလို အမှန်တရားဘက်မှာလည်း ရဲရဲဝင့်ဝင့်နဲ့ ရပ်တည်နေသူလေးမို့ အားလုံးက အချစ်ပိုနေကြရသူလေးပါ..။

သုသုလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောပိုင်ဖြိုးသုကတော့ လက်ရှိမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

နေ့စဉ်ရက်ဆက်လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်နေတဲ့ သူမကတော့ အနုပညာမောင်နှမတွေနဲ့အတူ ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ့်အကြောင်းလေး ပြောလာပါတယ်နော်..။

ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံဟာ ရှေ့သွားနောက်လိုက်ညီကာ ပြည်သူတွေတစ်သားတည်းရပ်တည်ပြီး ငြိမ်းချမ်းစွာပါဝင်လုပ်ဆောင်နေတဲ့ သူမတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း သုသုလေးက ဝေမျှထားတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

"ဟုတ်ကဲ့....

ကျွန်မတို့ရဲ့ခေါင်းဆောင်တွေကိုမလွှတ်ပေးမချင်း....

ကျွန်မတို့ပြည်သူတွေလုံခြုံမှုမရှိမချင်း မနားပါဘူး...

အကြမ်းမဖက်သောနည်းလမ်းမှန်သမျှနဲ့ ဆန့်ကျင်သွားပါမယ်....

CivilDisobedience. ." ဆိုပြီး သူမတို့ရဲ့ လှုပ်ရှားမှုတွေကို ဝေမျှထားတာပါ..။

ခိုင်မာပြတ်သားတဲ့ယုံကြည်ဆုံးဖြတ်ချက်တွေနဲ့ တစ်နေ့မှမနားဘဲ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်လုပ်ဆောင်နေတဲ့ သုသုလေးကို ပရိသတ်တွေကလည်း အားပေးဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

သတင်း အရင်းအမြစ်Paing Phyo Thu's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T