ည ၈နာရီသံပုံးခေါက်အပြီး ကျွန်တော်တို့ ဘောက်ထော်တခွင် ဂယက်ထခဲ့တဲ့ အကြောင်းလေးကို ပြောပြလာတဲ့ ရန်အောင်

//s9.kh1.co/4e/4e60b6ac5f159f1c27ac14c2908eedfaaf71946e.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူချစ်အနုပညာရှင် ဝါရင့်သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ ရန်အောင်ကတော့ အနုပညာနယ်ပယ်မှာ အချိန်အတော်ကြာ အောင်မြင်စွာ ရပ်တည်နေတဲ့ မင်းသားကြီး တစ်လက် ပဲဖြစ်ပါတယ်။ယနေ့ အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး မွေးမိခင်ကိုလည်း လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေး သဘောကျမှုကို အခိုင်အမာ ရရှိထားတာ ဆိုလည်း မမှားပါဘူးနော်......။

Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account

ရန်အောင်ဟာ ဗီဒီယိုဇာတ်ကားတွေ အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ အကောင်းဆုံး သရုပ်ဆောင် ရိုက်ကူးနိုင်တာကြောင့် အကယ် ဒမီထူးချွန်ဆုတွေကိုပါ သိမ်းပိုက်ရရှိထားတာ ပဲဖြစ်ပါတယ်။သူဟာ ခေတ်နဲ့အညီ လိုက်ပါနိုင်သူ ဖြစ်တာကြောင့် အခုဆိုရင် ဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးနေပြီ ဖြစ်ပါတယ်နော်....။လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ​နဲ့ ပက်သက်ပြီး သူရဲ့ လူမူကွန်ယက် စာမျက်နှာ ထက်တွင် "ဒီည ၈နာရီသံပုံးခေါက်အပြီးကျွန်တော်တို့ ဘောက်ထော်တခွင် ဂယက်ထခဲ့ပြန်သည်။

Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account

၈၈ တုန်းကလို တစ်လမ်း တစ်ရွာ စနစ်ပြန်ဖြစ်တော့မည်၊၈၈ တုန်းကလို လူစိမ်းမှန်သမျှ အဝင်မခံ ထိတ်လန့်ကြရတော့မည်၊၈၈ တုန်းကလို ဒုတ် ဓါးလက်နက် ကိုင်ဆွဲရလေသည်၊ခုတော့ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ကြရတော့မည်၊​ခုချိန်ထိတော့ ၈၈ တုန်းကလို မသင်္ကာတဲ့သူကို ပိုးစိုးပက်စက်မလုပ်ပြစ်ကြတာ တော်သေး၏၊"သည်းခံခြင်းသည် အောင်မြင်ရာ၏"တဲ့ သို့ပေသည့်-ဘယ်လောက်ထိ သည်းခံနေရမလဲဗျာ...."ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ရန်အောင်ရဲ့ ပရိသတ်တွေ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်.....။

Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account
Photo Credit-Yan Aung FB Account

သတင်း အရင်းအမြစ်Yan Aung FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T