အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ခန္ဓာကိုယ်အတွက် ဆိုးက‌ျိုးများ

//s9.kh1.co/87/87bfc166be82db8b49dbdf451d304e665acdc367.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိအချိန်မှာဆိုရင် လူတွေဟာ အိပ်ရေးပျက်ခြင်းနဲ့ ကြုံတွေခံစားနေရပါတယ်။ American Academy of Sleep Medicine (AASM) ရဲ့ လေ့လာတွေ့ရှိချက်အရ အမေရိကန်မှာဆို အရွယ်ရောက်ပြီးသား လူ ၃ယောက်မှာ

၁ ယောက်လောက်က အမြဲ အိပ်ရေးမ၀ခြင်းနဲ့ ကြုံတွေနေလျက်ရှိပါတယ်။ ဒါကြောင့် အိပ်ရေးမ၀ခြင်း၊ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေမကောင်းဖြစ်ခြင်း

Photo Credit : Healthline
Photo Credit : Healthline

အိပ်ရေးပျက်တဲ့အခါမှာ ခန္ဓာကိုယ်ဟာ ခုခံအားတွေ လျော့သွားတက်ပါတယ်။ ဒါကြောင့် အလွယ်တကူ နေမကောင်းဖြစ်စေပါတယ်။

၂။ နှလုံးနဲ့ပတ်သတ်လို့ ကျန်းမာရေးထိခိုက်ခြင်း

Photo Credit : Healthline
Photo Credit : Healthline

အိပ်ချိန်တိုခြင်း (အိပ်ချိန်တစ်ည၅နာရီမပြည့်) နဲ့ အိပ်ချိန်ကြာခြင်း (တစ်ည ၉နာရီနဲ့အထက်ပိုအိပ်ခြင်း) တို့နှစ်ခုစလုံးက သင့်နှလုံးကို ဒဏ်ပိစေပါတယ်။ European Heart Journal ရဲ့ဖော်ပြချက်အရ အဲ့လိုအိပ်စက်ခြင်းက သင့်နှလုံးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၃။ ကင်ဆာဖြစ်နိုင်ချေ မြင့်မားခြင်း

Photo Credit : Healthline
Photo Credit : Healthline

AASM ရဲ့‌ေလ့လာ‌ေတွ့ရှိချက်အရ အိပ်ချိန်နည်းခြင်းက ရင်သားကင်ဆာ, အူမကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာတို့ကို ဖြစ်နိုင်ချေမြင့်မားစေပါတယ်။

၄။ မစဉ်းစားနိုင်ခြင်း

Photo Credit : Healthline
Photo Credit : Healthline

တစ်ညလောက် အိပ်ရေးပျက်လိုက်တာနဲ့ သင့်ရဲ့စဉ်းစားတွေးခေါ်ခြင်းအပိုင်းကို တော်တော်လေးထိခိုက်စေတက်ပါတယ်။ ဆုံးဖြတ်ချက်မချနိုင်ခြင်း၊ ပြဿနာတွေမဖြေရှင်းနိုင်ခြင်း၊ ပြန်လည်တုံ့ပြန်မှု နှေးခြင်းနဲ့ သတိမထားမိခြင်း စတာတွေ ဖြစ်ပေါ်လာတက်ပါတယ်။

၅။ ပစ္စည်းများမေ့ခြင်း

Photo Credit : Healthline
Photo Credit : Healthline

အိပ်‌‌ေရးပျက်ခြင်းက သင့်ကို ပို၍ မေ့လျော့သွားစေရုံသာမက မှတ်ဥာဏ်အပေါ်အကျိုးသက်ရောက်ကြောင်း ညွှန်ပြသည့် သုတေသနပြုချက်တစ်ခုလည်းရှိပါတယ်။ အပြင်သွားတဲ့အခါ ပစ္စည်းများမေ့တက်ခြင်း၊ မီးပိတ်ဖို့မေ့ခြင်း စသဖြင့် တစ်ခုခုကို မေ့နေတက်တာမျိုးတွေ ဖြစ်တက်ပါတယ်။

၆။ လိင်စိတ်လျော့နည်းသွားခြင်း

Photo Credit : Healthline
Photo Credit : Healthline

အိပ်ရေး၀၀မအိပ်စက်ရခြင်းကြောင့် သင့်ရဲ့လိင်စိတ်ဟာလဲ လျော့ကျသွားပါလိမ့်မယ်။ တစ်ညကို ၅နာရီ နဲ့ ၅နာရီအောက်လောက်ပဲ အိပ်စက်သူတွေရဲ့ Sex Hormone ဟာ 10 ကနေ 15% လောက်ထိ လျော့ကြတက်ပါတယ်။

၇။ ဝိတ်တိုးလာခြင်း

Photo Credit : Healthline
Photo Credit : Healthline

အိပ်စက်ခြင်းနည်းတဲ့သူတွေက ဝိတ်တက်လာတက်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ အသက်၂၀ ၀န်းကျင်လောက်ရှိတဲ့ လူပေါင်း ၂သောင်းကျော်လောက်ကို လေ့လာခဲ့ရာ တစ်ညကို ၅နာရီ လောက်ပဲအိပ်စက်သူတွေက ၃နှစ်လောက်လဲကြာရော ဝိတ်တက်လာတာကို တွေ့ရှိရပါတယ်။ တချို့ဆို အ၀လွန်သူတွေပါဖြစ်လာပါတယ်။

၈။ ဆီးချိုရောဂါဖြစ်နိုင်ချေပိုများလာခြင်း

Photo Credit : Everyday health
Photo Credit : Everyday health

ခါးကြီးတဲ့သူတွေအနေနဲ့ အိပ်ချိန်နည်းခြင်းပဲဖြစ်ဖြစ် များခြင်းပဲဖြစ်ဖြစ် အရွယ်ရောက်သူများမှစတင်သော ဆီးချိုဖြစ်ပွားမှုနှုန်းကို မြင့်မားစေပါတယ်။

၉။ မတော်တဆထိခိုက်မှု ဖြစ်ပွားခြင်း

Photo Credit : Healthline
Photo Credit : Healthline

National Sleep Foundation ရဲ့လေ့လာတွေ့ရှိချက်အရ တစ်ညကို အိပ်ချိန် ၆နာရီ ဒါမှမဟုတ် အဲ့ထက်နည်းတဲ့သူတွေဟာ ကားမတော်တဆမှုဖြစ်ပေါ်လေ့ရှိတယ်လို့ ‌ဖော်ပြထားပါတယ်။

၁၀။ အသားအရေပျက်စီးခြင်း

Photo Credit : Healthline
Photo Credit : Healthline

အသက် ၃၀ နဲ့ ၅၀ကြား လူတွေရဲ့ အိပ်စက်ခြင်းနဲ့ သူတို့ရဲ့အသားအရေနဲ့ပတ်သတ်လို့ လေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်။ ရလဒ်များအရအိပ်စက်ခြင်းနည်းသောသူများသည် အရေးအကြောင်းများ၊ အသားအရေမညီမညာဖြစ်နေခြင်းနှင့်အရေပြားကိုပိုမိုနူးညံ့သိမ်မွေ့ခြင်းများရှိကြောင်းတွေ့ရှိရသည်။

သတင်း အရင်းအမြစ်Healthline

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T