မဲဆွယ်ပွဲတွေနဲ့ အောင်နိုင်ရေးပွဲတွေမှာ မပါဝင်ခဲ့ပေမယ့် အခုလို ကိစ္စမျိုးမှာတော့ လမ်းပေါ်ထွက်ပြီး ဦးဆောင်နေရတယ်ဆိုတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/5a/5adbf729dd001ed9ccc4654a5fdd5080906e6456.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင် သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီရွှေကြိုမယ် အဖြစ် ပါဝင်အားဖြည့်ရင်း ပရိသတ်အားပေးမှုကို များစွာရရှိခဲ့သူပါ။ သူမဟာဆိုရင် Music Video တွေမှာလည်း ပါဝင်ရိုက်ကူးနေတာဖြစ်ပြီး အနုပညာလမ်း​ကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေကလည်း တစ်ခဲနက်ကြည့်ရှုအားပေးကြတာကို တွေ့ရပါတယ်။

Photo credit - Phone Photography 
Photo credit - Phone Photography 

ဆောင်းယွန်းကလည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်ကတစ်ဆင့် ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်။ လမ်းမပေါ်ထွက်ကာ ဝန်းရံနေတဲ့ ဆောင်းယွန်းက သူမရဲ့ ပုံလေးတွေကို တင်ပေးလာရင်း စာသားလေးတစ်ချို့ကိုလည်း ရေးသားလာခဲ့ပါတယ်။

Photo credit - Phone Photography 
Photo credit - Phone Photography 

ဒါကတော့ ဆောင်းယွန်းက " ဒေါ်အောင်ဆန်းစုကြည်ပုံကိုင်ပီး လမ်းပေါ်ထွက်ရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ဖူးဘူး..မဲဆွယ်ပွဲတွေမှာလဲ မပါခဲ့ဘူးသလို အောင်နိုင်ရေးပွဲတွေမှာလဲ မပါခဲ့ဖူးဘူး..?ဒါပေမယ့် အခုတော့ လမ်းပေါ်ထွက်နေရပြီ ?အများကြီးမတောင်းဆိုပါဘူး..ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပါ???အမှန်တရားနဲ့ တရားမျှတမှုကို ပြန်လိုချင်ပါတယ်.?ပြည်သူတွေရင်ထဲကအသံကို နားထောင်ပေးပါရှင့်? " ဆိုပြီး ရေးသားလာခဲ့တာပဲ ဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ 

Photo credit - Phone Photography 
Photo credit - Phone Photography 

သတင်း အရင်းအမြစ်Source - Saung Yoon San's Fb account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T