လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်မှာ ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ပေးကာ လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ စိုင်းစိုင်း

//s9.kh1.co/7a/7a78f260951ea5f87ee2846b6cbede92e21a26d9.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိတ်သတ်ကြီးရေ ဂီတလောကမှာဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေပြီး ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အ၀ရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာဂီတလောကမှာသာမက သရုပ်ဆောင်ဘက်မှာပါထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ အောင်မြင်မှုတွေရရှိထားတဲ့ public figureတစ်ယောက်အနေနဲ့လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူပရိသတ်တွေဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ကာလှုံ့ဆော်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်နော်....။

Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page

လူထုလှုပ်ရှားမှုတွေဟာ တစ်ရက်ပြီးတစ်ရက်အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတာလည်းဖြစ်ပြီး အနုပညာရှင်များစွာကလည်း ပရိသတ်တွေနဲ့အတူ လှုပ်ရှားမှုတွေမှာတက်တက်ကြွကြွပါ၀င်နေကြတာပါ။ စိုင်းစိုင်းဟာလည်း လှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပရိသတ်တွေကို အစားအသောက်နဲ့ အအေးဘူးတွေလှူဒါန်းပေးနေတဲ့အပြင် ကိုယ်တိုင်လည်းလူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါ၀င်နေတာဖြစ်ပါတယ်နော်....။

Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page

စိုင်းစိုင်းဟာ အခုလိုမျိုးပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်ပေးကာလှူဒါန်းမှုတွေပြုလုပ်နေတဲ့ သူ့ရဲ့ ပုံရိပ်တွေကို Facebookစာမျက်နှာမှာ

"ပြည်သူများနှင့် တသားတည်း ရပ်တည်လျက်ရှိပါသည် #SupportCDM#RespectOurVotes

#Democracy#WeWantJustice......" ဆိုတဲ့ captionနဲ့အတူ တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page
Photo credit-Sai Sai Kham Leng's Facebook page

သတင်း အရင်းအမြစ်Sai Sai Kham Leng's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T