ကိုယ်တိုင်ကိုယ်ကျ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ပြည်သူ့ပရိသတ်တွေကို စားသောက်စရာလေးတွေ လိုက်လံဝေပေးခဲ့တဲ့ ဟိန်းဝေယံ

//s9.kh1.co/8b/8beadac391b93538fcbdcbae63bd53dcdd96c50d.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်မင်းသားချောလေးဖြစ်တဲ့ ဟိန်းဝေယံကတော့ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးရပ်တည်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟိန်းဝေယံက အနုပညာအလုပ်တွေကို ဆယ်စုနီးပါးမက ကြိုးစားလုပ်ကိုင်လာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အနည်းအကျဥ်းမျှသာလုပ်ကိုင်ပြီး ဘဝကိုအေးအေးချမ်းချမ်း နဲ့ နေထိုင်နေတာတွေ့ရပါတယ်။

Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account

ဟိန်းဝေယံက စိတ်သဘောထားလည်း ပြည့်ဝပြီး အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာလည်း ပြည်သူ့ပရိသတ်တွေအတွက် စားသောက်စရာလေးတွေ လှူဒါန်းပေးခဲ့တာ တွေ့မြင်ရပါတယ်။ ယခုမှာလည်း ဖေဖော်ဝါရီ ၁၃ ရက် ၊ ဗိုလ်ချုပ်မွေးနေ့မှာပရိသတ်တွေချစ်တဲ့ ဟိန်းဝေယံက ကြည်နူးစရာအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account

ဒီအလှူလေးကတော့ အနာဂါတ်လှပစေဖို့ ယုံကြည်မှုခိုင်ခိုင်မာမာနဲ့ ရဲဝံ့စွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်ပြသနေတဲ့ ပြည်သူ့ပရိသတ်တွေအတွက် မိမိရဲ့ ငွေကြေးနဲ့ တတ်နိုင်သလောက် စားသောက်စရာတွေကို ဝယ်ယူပြီး ကိုယ်တိုင်ကိုယ်ကျ ဝေငှပေးခဲ့တာဖြစ်ပါတယ်။ ဒီအလှူလေးနဲ့ပတ်သက်ပြီး ဆုတောင်းစကားလေး ပြောပြထားရာမှာလည်း " ပေါင်မုန့်၊ရေသန့်ဘူးနဲ့ towel ကမ်းဖြစ်ပါတယ်.. ....မြန်မာနိုင်ငံအမြန်ဆုံးငြိမ်းချမ်းသာယာပါစေ.. နိုင်ငံသူနိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းဝေးကြပါစေ" ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်တွေလည်း မွန်မြတ်တဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ မင်းသားချောလေး ဟိန်းဝေယံကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account
Photo Credit - Heinn Wai Yan fb account

သတင်း အရင်းအမြစ်Source - Heinn Wai Yan fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T