ညသန်းခေါင်ရောက်တိုင်း ခွေးတွေဆွဲဆွဲငင်ငင်အူကြပြီး ထူးဆန်တဲ့အသံတွေကြားနေရတဲ့ သူမရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုဖွင့်ဟလာတဲ့ နှိုင်းရှင်မြင့်မိုရ်

//s9.kh1.co/c0/c077b6b315250c79d4c9a0b8092ca3b3fa09d42c.jpeg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ညသန်းခေါင်ရောက်တိုင်း ခွေးတွေဆွဲဆွဲငင်ငင်အူကြပြီး ထူးဆန်တဲ့အသံတွေကြားနေရတဲ့ သူမရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုဖွင့်ဟလာတဲ့ နှိုင်းရှင်မြင့်မိုရ်

သရုပ်ဆောင်ကိုဘင်းနဲ့နှိုင်းရှင်မြင့်မိုရ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေမှာ လမ်းမပေါ်ထွက်ပြီး တစ်တပ်တစ်အားပါဝင်နေကြတာပဲဖြစ်ပါတယ်။နှိုင်းရှင်မြင့်မိုရ်တို့က ပြည်သူလူထုအတွက် စားစရာ၊သောက်စရာတွေကို နေ့တိုင်းလှူဒါန်းနေတာဖြစ်ပါတယ်။နှိုင်းရှင်မြင့်မိုရ်တို့ကလည်း အခုလိုကာလမှာ ရဲရင့်ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ နေ့တိုင်းလမ်းပေါ်ထွက်ပြီး ပင်ပင်ပန်းပန်းရင်ဆိုင်နေကြတာဖြစ်ပါတယ်။နှိုင်းရှင်မြင့်မိုရ်ကတော့ နေ့ဘက်မှာအားကြိုးမာန်တက်ပါဝင်ပြီး ညဘက်ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အသံတွေကြားနေရတဲ့အကြောင်းကို အောက်ပါအတိုင်းပြောပြလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 

နှိုင်းရှင်မြင့်မိုရ်ကတော့”ကဲ ဒါဆိုသေချာပြီလေ ကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်မှတ်ပြီးဘယ်သူမှကို မပြောဖြစ်ဘူး...10ရက်နေ့ ည (12)ကျော်လောက်က အနောက်လမ်းကြီးပေါ်ကနေ ခွေးတွေအူနေကြတာ ဆွဲဆွဲငင်ငင်...ညီမဝမ်းကွဲကလာအိပ်တယ် သူကအရမ်းကြောက်တတ်တာ အဲ့အချိန် မှာ ဆန္ဒပြသံတွေ အဝေးကအသံတွေကြားလိုက်တယ်...အပြင်မှာ ကိုဘင်း တစ်နေ့တာlive တွေပြန်ကြည့်နေတာနေမှာဆိုပြီး နေလိုက်တယ်...နောက်နေ့ညကျတော့အိပ်ပျော်နေတုန်း ဒို့အရေးဒို့အရေး ဆိုတာတွေကြားလို့ လန့်ပြီးနိုး နာရီလှမ်းကြည့်တော့ (1)နာရီကျော်ဟာ ကိုဘင်း မနက်လည်း အစောကြီးသွားရမှာ မအိပ်သေးဘူး live တွေကြည့်နေတယ်ဆိုပြီး ဆူမလို့ထွက်လိုက်တာ သူကအပြင်ကကုတင်မှာ ကွေးကွေးလေး တုတ်လေး ဘေးချပြီးအိပ်နေတော့ ဇဝေဇဝါဖြစ်သွားတယ်...”

Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 

“ငါခုနက လူအုပ်ကြီး နဲ့ အော်တဲ့အသံတွေကြားလိုက်ပါတယ် ငါစိတ်စွဲနေတာနေမှာပါ တစ်နေ့တစ်နေ့ အဲ့အသံတွေကြားနေရတော့ဆိုပြီး ပြန်အိပ်လိုက်တယ် ...အိပ်မလို့ လုပ်တုန်း ခွေးတွေ ဆွဲပြီးအူပြန်ပါရော လာအိပ်တဲ့ညီမကကြောက်တတ်လွန်းလို့ .....ပြောလည်းကိုဘင်းက ယုံမှာမဟုတ် အဲ့တော့ အိမ်ကလူတွေတောင်မပြောပြဖြစ်ဘူး...ခုသူများတွေပါ ဖြစ်နေကြတာဆိုတော့မှ အရမ်းထူးဆန်းသွားတာ....ဘုရားဘုရား 88တုန်းက သေဆုံးခဲ့ကြတဲ့ကျောင်းသားတွေ လူတွေ အရိုးတွန်ကြပြီလား....မတရားခံနေရတဲ့ ကျွန်မတို့ ပြည်သူလူထုကို ကူညီပေးကြပါ”ဆိုပြီး သူမရဲ့ကိုယ်တွေ့ဖြစ်ရပ်တွေကို ရေးသားပြောပြလာတာဖြစ်ပါတယ်နော်။

Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 
Photo Credit:Nhying Shin’s Facebook Account 

Source&Photo Credit:Nhying Shin’s Facebook Account 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T