အခုရက်ပိုင်းမှာ အပျော်သဘောဆောင်တဲ့ဝတ်ဆင်မှုတွေနဲ့ ကားပေါ်မှာသီချင်းဖွင့်ကာခုန်ပေါက်နေတဲ့သူတွေရှိလာလို့ အကြုံပြုစကားပြောလိုက်ရတဲ့အူဝဲ

//s9.kh1.co/c5/c541d42542ecff56071a6b0ffb02911e71821d28.jpg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အခုရက်ပိုင်းမှာ အပျော်သဘောဆောင်တဲ့ဝတ်ဆင်မှုတွေနဲ့ ကားပေါ်မှာသီချင်းဖွင့်ကာခုန်ပေါက်နေတဲ့သူတွေရှိလာလို့ အကြုံပြုစကားပြောလိုက်ရတဲ့အူဝဲ

မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းစာရင်းဝင် အနုပညာရှင်တစ်ဦးအဖြစ် အောင်မြင်နေပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတာ ဖြစ်ပါတယ် ။ အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်က ကျရာဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျသရုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကိုအရမ်းချစ်တဲ့ အိန္ဒြာကျော်ဇင်က လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေမှာတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page

အိန္ဒြာကျော်ဇင်က ခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာပါဝင်သလို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်လည်း ပြည်သူတွေကို အားပေးစကားပြောနေတာ ဖြစ်ပါတယ်။ အခုလည်း အိန္ဒြာကျော်ဇင်က လတ်တလောမှာ မြင်တွေ့နေရတာတွေနဲ့ ပတ်သက်ပြီး အားလုံးအတွက် အကြံပေးစကားပြောလိုက်တာ ဖြစ်ပါတယ် ။ အိန္ဒြာကျော်ဇင်က "ကျွန်မအနေနဲ့ အကြံပြုချင်တာလေးပါရှင်...ကျွန်မတို့ပြည်သူတွေအားလုံး ဝတ်စုံတွေနဲ့ဖြစ်စေ၊ ဆိုင်းဘုတ်တွေနဲ့ဖြစ်စေ ကမ္ဘာကသိအောင် အမျိူးမျိူးလုပ်ခဲ့ကြပြီးပါပြီ....လုပ်ခဲ့တဲ့သူများအားလုံးကိုလည်းတကယ်ချီးကျူးပါတယ်...International Media တွေမှာတွေ့ရတဲ့အခါမှာလည်း ကျေနပ်စရာကောင်းပါတယ်......"

Photo Credit -Eaindra Kyaw Zin's FB Page Story
Photo Credit -Eaindra Kyaw Zin's FB Page Story
Photo Credit -Eaindra Kyaw Zin's FB Page Story
Photo Credit -Eaindra Kyaw Zin's FB Page Story

"အခုတော့ရသင့်တဲ့ Media Attention ကိုလည်းရသွားပြီဖြစ်တဲ့အတွက် အားလုံးသေချာအားပြန်မွေး၊ အနားယူပြီး မနက်ဖြန်ကစပြီး တစ်ခုတည်းရှိတဲ့ပန်းတိုင်ကို ရောက်အောင် တစိုက်မတ်မတ်သွားကြရအောင်နော်...ညီညွတ်တဲ့ ဆိုင်းဘုတ်တွေသုံးဖို့ ၊ အပျော်သဘောဆောင်တဲ့ ဝတ်စားဆင်ယင်မှုကို ရှောင်ကျဉ်ဖို့၊ Truck ကားတွေပေါ်မှာ Speakers တွေနဲ့ သီချင်းတွေအကျယ်ကြီးဖွင့်တာမျိုး ခုန်ပေါက်နေတာမျိုးတွေ မလုပ်ဖို့ အရေးကြီးပါတယ်ရှင်....ဒီအချိန်မှာ တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့အတွက် ပြည်သူတွေအားလုံးက ဒီအာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်းကို ညီညွတ်စွာပြကြပါစို့ရှင်....." ဆိုပြီး ပြည်သူတွေအတွက် အမှာစကားပါးလိုက်တာပဲ ဖြစ်ပါတယ်နော်။

Source & Photo Credit -Eaindra Kyaw Zin's FB Page

Photo Credit -Eaindra Kyaw Zin's FB Page Story 
Photo Credit -Eaindra Kyaw Zin's FB Page Story 
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T