တစ်နေကုန်လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ရုံသာမက ညဘက်တွင်လည်း အချိန်မှန်မပျက်မကွက်သံဗုံးတီးနေတဲ့ သဇင်ထူးမြင့်ရဲ့ဗီဒီယို

//s9.kh1.co/ee/eee45c53342818d15d7f56f9e128224cdf90505d.jpeg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  သဇင်ထူးမြင့်ကတော့  အနုပညာလောကတွင်  အချိန်တိုအတွင်းအောင်မြင်မှုတွေ  ရရှိပိုင်ဆိုင်ထားတဲ့  တက်သစ်စ  အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။  ရိုးရိုးလေးနေတတ်တဲ့  သူမရဲ့ ပုံစံလေးကြောင့်လည်း  ပရိသတ်တွေက  တစ်နေ့ထက်တစ်နေ့  ပိုပိုပြီး  ချစ်ခင်အားပေးလာကြတာပဲ  ဖြစ်ပါတယ်။  သဲဟာ  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  ဝါရင့်အနုပညာကြီးများနဲ့အတူ  တက်ကြွစွာ  ပါဝင်လှုပ်ရှားနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 

သဇင်ထူးမြင့်တစ်ယောက်တည်းသာမဟုတ်ဘဲ  တစ်မိသားစုလုံး တစ်ရက်မှမပျက်ကွက်ဘဲ  ပြည်သူများနဲ့  တသားတည်းရပ်တည်ကာ  ပါဝင်ဆောင်ရွက်နေတာကြောင့်လည်း  ပရိသတ်တွေက ပီတိဖြစ်နေကြတာလည်း  ဖြစ်ပါတယ်။  သဲရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း  အရေးကြီးတဲ့  သတင်းအချက်အလက်တွေကို  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သဇင်ထူးမြင့်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု  တင်ထားတာလည်း  ဖြစ်ပါတယ်။

Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 

ဒါကတော့  တစ်နေကုန်လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ရုံသာမက ညဘက်တွင်လည်း အချိန်မှန်မပျက်မကွက်သံဗုံးတီးနေတဲ့ သဇင်ထူးမြင့်ရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  သဲရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို  မိသားစုဝင်များကပါ  ချီးကျူးနေကြတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  သဇင်ထူးမြင့်ရဲ့ဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thazin Htoo Myint’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T