ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ရုပ်ထုရှေ့သွားပြီး ဂါရဝပြုကာ ပြည်သူတွေနဲ့အတူတစ်စိတ်တစ်ဝမ်းတည်းရပ်တည်ခဲ့တဲ့ သူထူးစံတို့ဇနီးမောင်နှံ

//s9.kh1.co/d4/d4378abb14b0275a3d1dcc00d65898921a221b15.jpeg
အနုပညာရှင်များ

 ၁၄-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ရုပ်ထုရှေ့သွားပြီး ဂါရဝပြုကာ ပြည်သူတွေနဲ့အတူတစ်စိတ်တစ်ဝမ်းတည်းရပ်တည်ခဲ့တဲ့ သူထူးစံတို့ဇနီးမောင်နှံ

သူထူးစံနဲ့ထိုက်ဆုဝင်းတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ကြတာ တစ်နှစ်တောင်မပြည့်သေးပါဘူးနော်။သူထူးစံနဲ့ထိုက်ဆုဝင်းတို့က သရုပ်ဆောင်တွေဖြစ်ကြတာကြောင့် ပရိသတ်အများအပြားရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားကြတာဖြစ်ပါတယ်။သူထူးစံကတော့ အခုနောက်ပိုင်းမှာဆိုရင်အနုပညာအလုပ်လေးတွေကို အနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေတာဖြစ်လို့ သူ့ရဲ့ဇာတ်ကားအသစ်တွေကိုကြည့်ရှု့ရတော့မှာဖြစ်ပါတယ်နော်။

Photo Credit:Htike Hsu Win’s Facebook Account 
Photo Credit:Htike Hsu Win’s Facebook Account 
Photo Credit:Htike Hsu Win’s Facebook Account 
Photo Credit:Htike Hsu Win’s Facebook Account 

ထိုက်ဆုဝင်းကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသစွာနဲ့ ချစ်ခင်ပွန်းရဲ့ဝေယျာဝစ္စတွေကို သူမကိုယ်တိုင်သေချာလုပ်ကိုင်ပေးတာဖြစ်ပါတယ်။သူထူးစံနဲ့ထိုက်ဆုဝင်းတို့က တစ်နိုင်တစ်ပိုင်ဖြစ်တဲ့ စားသောက်ကုန်လုပ်ငန်းလေးကိုလည်း တက်ညီလက်ညီနဲ့ တွင်ကျယ်အောင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်နော်။သူထူးစံတို့ဇနီးမောင်နှံနှစ်ယောက်လုံးက အေးအေးချမ်းချမ်းသာ နေထိုင်တတ်ကြပြီး စိတ်ထားပြည့်ဝလို့လည်း လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။

Photo Credit:Thu Htoo San-Official’s Facebook Page
Photo Credit:Thu Htoo San-Official’s Facebook Page
Photo Credit:Htike Hsu Win’s Facebook Account 
Photo Credit:Htike Hsu Win’s Facebook Account 

လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင် သူထူးစံနဲ့ထိုက်ဆုဝင်းတို့က လမ်းပေါ်နေ့တိုင်းထွက်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်တာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာဆိုရင်လည်းသူထူးစံတို့ဇနီးမောင်နှံက ဗိုလ်ချုပ်ရုပ်ထုရှေ့ကိုသွားကာ တလေးတစားနဲ့ဂါရဝပြုခဲ့ကြတာဖြစ်ပါတယ်။သူထူးစံနဲ့ထိုက်ဆုဝင်းတို့ကတော့ UNရှေ့မှာ ပြည်သူလူထုနဲ့အတူ တစ်စိတ်တစ်ဝမ်းတည်းရပ်တည်နေတာကြောင့် သူတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Thu Htoo San-Official’s Facebook Page
Photo Credit:Thu Htoo San-Official’s Facebook Page
Photo Credit:Thu Htoo San-Official’s Facebook Page
Photo Credit:Thu Htoo San-Official’s Facebook Page

Source&Photo Credit:Thu Htoo San-Official’s Facebook Page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T