အသံဝင်တယ်ဆိုတာဟာ ကိုယ့်ရဲ့အသံအိုးကနေ ထုတ်လွှတ်ပေးနိုင်တဲ့ အသံလှိုင်းထက် အလွန်အကျွန်အော်မိတဲ့ အခါမျိုးမှာလည်း ဖြစ်နိုင်သလို အပူအအေး ဓာတ်မတည့်တဲ့ အချိန်အခါမျိုးတွေမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။
အသံဝင်လာပြီဆိုရင် စကားပြောရတာလည်း အဆင်မပြေတော့ပဲ နောက်ဆက်တွဲအနေနဲ့ လည်ချောင်းနာတာတွေ ဖျားတာတွေပါ ဖြစ်နိုင်တာကြောင့် ပရိသတ်တွေအတွက် အသံဝင်တာကို သက်သာစေတဲ့ ကုထုံးလေးအချို့ကို ဖော်ပြပေးချင်ပါတယ်။
ပထမဆုံး နည်းလမ်းလေးကတော့ ဆားပြုတ်ရည်ပါ ။ ရေနွေးဆူဆူထဲကို ဆားထည့်ပီးပြုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းပေးမယ်ဆိုရင် အသံဝင်တာကို သက်သာစေပါတယ်။
ဆားပြုတ်ရည်နဲ့ ပလုတ်မကျင်းချင်သူတွေဆိုရင်လည်း ဂျင်းပြုတ်ရည်ကို သောက်ပေးလို့ရပါတယ်။
ဆားပြုတ်ရည်ရော ဂျင်းပြုတ်ရည်ရော မသောက်ချင်သူတွေဆိုရင်တော့ ရေနွေးထဲကို သံပုရာရည်အနည်းငယ်နဲ့ ပျားရည်အနည်းငယ်တို့ထည့်ကာရောစပ်ပြီး တစ်နေ့ ၄ ကြိမ်လောက်သောက်သုံးပေးမယ်ဆိုရင် အသံဝင်တာတွေ သက်သာလာပါလိမ့်မယ်။
နောက်တစ်နည်းကတော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ကြက်သွန်နီ ၂ လုံးလောက်ထည့်ပီး မိနစ် ၂၀ လောက်ထားပေးပါ ။ ပီးသွားပြီဆိုရင်တော့ သကြားနှစ်ဇွန်လောက်ထည့်ပီး သကြားတွေလုံးဝပျော်ဝင်သွားတဲ့ အထိမွှေပေးပါ။
မွှေးပီးသွားရင်တော့ ၄င်းအရည်ကို တစ်နေ့ နှစ်ကြိမ်လောက်သောက်ပေးပါ။
ဒါဆိုရင် လည်ချောင်းနာတာနဲ့ အသံဝင်တာတွေ သိသိသာသာ သက်သာလာတာကို ခံစားရပါလိမ့်မယ်။
သတင်း အရင်းအမြစ်៖ Healthline