လမ်းပေါ်မှာ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေများစွာကို ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ပဲပြုတ်နံပြား လိုက်လံဝေငှပေးခဲ့တဲ့ စိန်ဖြိုး

//s9.kh1.co/90/9066adf0147cc2628d694fd7ddac9c548cc47547.jpeg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.......

ပရိသတ်ကြီးရေ စိန်ဖြိုးလှိုင်ကတော့ တစ်ချိန်ထဲက အနုပညာလောကမှာ "မောင်"ဆိုတဲ့ နာမည်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ ။ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့အပြင် ချောမောတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတွေကြွေနေရတာပါ။ အခုမှာတော့ အနုပညာအလုပ်တွေနဲ့ဝေးကွာလျက်ရှိနေပေမယ့်လည်း ယနေ့အချိန်ထိပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားတာလည်းဖြစ်ပါတယ်။

Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 

ဒါ့အပြင် ရီရီနဲ့အတူ အေးချမ်းသာယာတဲ့ အချစ်ရေးလေးကိုဖန်တီးတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ သူတို့စုံတွဲလေးကတော့ ရှေ့သွားနောက်လိုက်နဲ့ အမြဲစနောက်ပျော်ရွှင်နေကြသလို အလှူအတန်းတွေဆိုရင်လည်း ရက်ရက်ရောရော စိတ်တူကိုယ်တူ ပြုလုပ်တက်ပါသေးတယ်။ 

Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 

ခုလတ်တလောဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေမှာလည်း  တတ်နိုင်တဲ့ဘက်ကနေ  ပါဝင်လုပ်ဆောင်ပေးနေတာလည်း တွေ့မြင်ရပါတယ်။အခုလည်း စိန်ဖြိုးနဲ့ ရီရီတို့နှစ်ယောက်က ဒီနေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့လေးမှာ အားကြိုးမာန်တက် လမ်းပေါ်မှာလှုပ်ရှားမှုပြုလုပ်နေတဲ့ လူများစွာကို ကိုယ်တိုင် ပဲပြုတ်နံပြားများ လိုက်လံဝေငှခဲ့တဲ့ အလှူပုံလေးတွေကို ဝေမျှခဲ့တာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ 

Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 
Photo Credit : Sein Phyo & Yi Facebook Page 

Source & Photo Credit : Sein Phyo & Yi Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T