ဒီမိုကရေစီရရှိဖို့အတွက် ဂွာနီမာလာနိုင်ငံရဲ့ ပြည်သူတွေ တိုက်ပွဲ၀င်ခဲ့ကြပုံ

//s9.kh1.co/db/dbba7d7f31d96aa5931a80c486f4051552dce7e6.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံတိုင်းမှာရှိတဲ့ ပြည်သူတွေဟာဆိုရင် ဒီမိုကရေစီရရှိဖို့အတွက်ဆို အမြဲတမ်း တိုက်ပွဲ၀င်လေ့ရှိပါတယ်။ ဒါကြောင့်လဲ သမိုင်းတွေထဲမှာ ဒီမိုကရေစီရရှိဖို့အတွက် ဘယ်နိုင်ငံကပြည်သူတွေ ဘယ်လိုမျိုးတိုက်ခိုက်ခဲ့လဲ ခုခံခဲ့ကြလဲ စသဖြင့် ယနေ့တိုင် လေ့လာကြည်ရှုလို့ရပါတယ်။ အဲ့လိုဒီမိုကရေစီရရှိဖို့အတွက် တိုက်ခိုက်ခဲ့ကြတဲ့ နိုင်ငံတွေထဲမှာ ဂွာန‌ီမာလာနိုင်ငံလဲ တစ်နိုင်ငံပါ၀င်ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/7b/7b4000908307b4ffd8f2b9cb3df4fc2059e202a5.jpg
https://s9.kh1.co/__image/w=650,h=407,q=100/12/12b219dbd4320e751d778a600000eef7a7edd2e9.png

ဂွာနီမာလာနိုင်ငံကို ခြစားတဲ့စစ်အာဏာရှင်တွေက အုပ်ချုပ်ခဲ့ပါတယ်။ ပြည်သူတွေက ဒါကိုသိလာပေမယ့် ဒီ့အပေါ်တစ်ခုခုဆောင်ရွက်ဖို့အတွက် သူတို့မှာ အရေးယူဆောင်ရွက်ပိုင်ခွင့် "အာဏာမရှိ(powerless)" ဘူးလို့ခံစားမိပါတယ်။ တနေ့တော့ လူ ၁၂ ယောက်မျှသာပါရှိတဲ့ အဖွဲ့တစ်ဖွဲ့က "အာဏာစွန့်ပါတော့ (Renuncia Ya)" ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး မြို့လည်ပလာဇာမှာ ဆုံဖို့ # လုပ်ပြီး fb မှာ ချိန်းကြပါတယ်။ အဲ့မှာ အံသြစရာက Central Plaza မှာ fb က # ကြောင့် လာစုကြတဲ့သူတွေက အယောက် ၃ သောင်းရှိလာတာပါ။ သူတို့တွေက လနဲ့ချီပြီးအဲ့မှာပဲနေရာကနေ ဆန္ဒပြပွဲက တစ်နိုင်ငံလုံးအနှ့ံပြန့်သွားပါတယ်။ ဒီမှာ ထောက်ခံအားပေးမှုတစ်ခုက "ဆန္ဒပြသူတွေအနေနဲ့ လာဘ်စားတဲ့အရာရှိတွေ ရုံးမတက်နိုင်အောင် သူတို့ကိုပစ်ပေါက်ဖို့လိုတဲ့အခါ ကျွန်တော်တို့ရဲ့ ကြက်ဥတွေကို ယူသုံးပါ " ဆိုတဲ့ စာသားတွေနဲ့အတူ ရာပေါင်းများစွာသော ကြက်ဥတွေကို အစိုးရရုံးတွေရှေ့မှာ ချပေးထားကြတာပါ။

https://s9.kh1.co/__image/w=650,h=383,q=100/fb/fbffd039b4d89e80e9f79085aad3e8b0dd5f3665.jpg
https://s9.kh1.co/__image/w=600,h=400,q=100/d5/d594f412ea6e7e7117a2480903dd991ae019754e.jpg

ဂွာတီမာလာသမ္မတ မိုလီနာ (Molina)က သူနှုတ်ထွက်ပေးမှာမဟုတ်ကြောင်း အခိုင်အမာပြောခဲ့ပါတယ်။ ဒါနဲ့ တက်ကြွလှုပ်ရှားသူတွေက "ဒီလိုနှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေရုံနဲ့ သမ္မတက နှုတ်ထွက်ပေးမှာမဟုတ်ဘူး" ဆိုတာကိုသိကြပါတယ်။ သမ္မတကို ရွေးချယ်စရာမရှိအောက်ချောင်ပိတ်နိုင်ဖို့အတွက် သူတို့က နိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေရုံးမတက်ခြင်း၊ အလုပ်မသွားခြင်းဖြင့် အထွေထွေသပိတ်မှောက်ဆန္ဒပြခြင်း (general strike) ကိုပြုလုပ်စေခဲ့ပါတယ်။ ဂွာတီမာလာမြို့တော် တစ်မြို့တည်းမှာပဲ စီးပွားရေးလုပ်ငန်း လေးရာကျော်နဲ့ ကျောင်းတွေက သူတို့လုပ်ငန်းဆောင်တာတွေကို ရပ်ဆဲလိုက်ပါတယ်။ အဲ့အချိန်မှာ နိုင်ငံတစ်ဝှမ်းကလယ်သမားတွေက အဝေးပြေးကားလမ်းမတွေကို ပိတ်ဆို့လိုက်ပါတယ်။ ထို့နောက် ၅ ရက်အတွင်းမှာပဲ အခြားသော အစိုးရအဖွဲ့ဝင် တစ်ဒါဇင်ကျော်နဲ့အတူ သမ္မတက နှုတ်ထွက်ပေးခဲ့ရပါတယ်။ ဒါဟာပြည်သူတွေအနေနဲ့ အာဏာရှင်အစိုးရကို အတူတကွတိုက်ထုတ်ခဲ့ကြလို့ အောင်မြင်ခဲ့တာဖြစ်ပြီး ကိုယ့်အတွက်ပဲကိုယ်ကြည့်မယ်ဆို ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/39/39482e9b53021312178c63a3ce367d8065ce69ba.jpg
https://s9.kh1.co/__image/w=560,h=379,q=100/5c/5cfa931fad692486517820490c9ac55a3c59a030.jpg

သတင်း အရင်းအမြစ်Hrw

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T