ဗိုလ်ချုပ်မွေးနေ့မှာ လမ်းပေါ်ထွက်ကာ ရပ်တည်နေတဲ့ ပြည်သူတွေကို စားသောက်ဖွယ်ရာတွေနဲ့ အလှူကြီး ပြုလုပ်နေတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

//s9.kh1.co/25/25581081b0269328b6c7cf72ae9bcea5d589413d.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အနုပညာလောကထက်မှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေထဲမှာ မသိသူမရှိသလောက်ရှားပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ပါနော်။ ဒါ့အပြင် သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုနဲ့ ဖော်ရွေတဲ့ စိတ်ထားလေးကြောင့် အားပေးချစ်ခင်ကြသူတွေ များစွာရှိလို့နေပါတယ်။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

အနုပညာအရည်အချင်း ပြည့်ဝပြီး လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သူမက လက်ရှိမှာလည်း အလှူကြီးတစ်ခုကို ပြုလုပ်နေခဲ့ပါတယ် ။ အလှူဆို လက်မနှေးပဲ ကူညီလုပ်ဆောင်တတ်တဲ့ သူမက ယနေ့ကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့မှာ လမ်းမပေါ်ထွက်ကာ နိုင်ငံကောင်းစားဖို့ လုပ်ဆောင်နေတဲ့ ပြည်သူတွေကို စားသောက်ဖွယ်ရာတွေ အလှူပြုနေခဲ့တာပဲ ဖြစ်ပါတယ်။ အလှူပြုတဲ့ စားသောက်ဖွယ်ရာကတော့ ပဲပြုတ်နဲ့ နံပြား အယောက် ၁၀၀၀ စာပဲ ဖြစ်ပါတယ်။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးက အယောက် ၁၀၀၀ စာ ပဲပြုတ်နဲ့နံပြား ကို ကားပေါ်တင်ကာ လမ်းတစ်လျှောက် တွေ့သမျှလူတွေကို အလှူပြုနေခဲ့တာပဲ ဖြစ်ပါတယ်။ အလှူပြုနေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးက သူမရဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာခဲ့ပါတယ်။ ဗီဒီယိုလေးက ကြည့်မိသူတိုင်းရင်ကို ကြည်နူးမိစေမှာ အသေအချာပဲ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်။ ကဲ ပရိသတ်ကြီးကလည်း ဖြူဖြူထွေးရဲ့ မွန်မြတ်လှတဲ့ အလှူလေးကိုကြည့်ပြီး ကောမန့်မှာ သာဓုခေါ်ပေးခဲ့ကြပါအုန်းနော်။ 

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

သတင်း အရင်းအမြစ်Source - Phyu Phyu Htwe's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T