ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ သူကိုယ်တိုင်ရေးထားတဲ့ တန်ဖိုးရှိရှိ စကားလုံးလေးတွေကို ပရိသတ်အတွက် ပြန်လည်မျှဝေပေးလိုက်တဲ့နေတိုး

//s9.kh1.co/ee/eec6d51bf1e270004cd06f6d60d4c5508c6d311f.jpeg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.,,,,,

ပီပြင်လွန်းတဲ့ အိုက်တင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနာမည်ကြီးနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေတိုးပါပဲ။ စမတ်ကျကျဖက်ရှင်လေးတွေကိုလည်း ရွေးချယ်ဝတ်ဆင်တတ်တာကြောင့်လည်း မိန်းကလေးပရိသတ်များက ကြွေပြီးရင်း ကြွေနေရတာဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားကာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူလေးပါ ။ 

Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page

ဒါ့အပြင် နေတိုးက သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံတင်သာမက အသံချိုချိုအေးအေးလေးနဲ့ လည်းသီချင်းတွေကို သီဆိုတတ်ပါသေးတယ် ။ ပရိသတ်တွေ အမြဲလေးစားချစ်ခင်နေရတဲ့ နေတိုးက လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း ပြည်သူလူထုနဲ့အတူရပ်တည်မှုတွေပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page

ဒီနေ့မှာတော့ တစ်နိုင်ငံလုံးက လေးစားချစ်ခင်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့လေးမှာ နေတိုးက သူကိုယ်တိုင်ရင်ထဲကခံစားချက်တွေအပြည့်နဲ့ ရေသားထားတဲ့ စာလေးကို ပရိသတ်တွေအတွက် အမှတ်တရ ဝေမျှလာတာဖြစ်ပါတယ်။ ထိုစာလေးကတော့ " ဗိုလ်ချုပ်မရှိ​တော့​​ပေမယ့် ဗိုလ်ချုပ်ရဲ့ခံယူချက်​တွေယုံကြည်ချက်​တွေဟာပြည်သူ​တွေရဲ့ရင်ထဲနှလုံးသားထဲမှာထာဝရရှိ​နေတုန်းပဲဆိုတာ ရောက်ရာဘုံဘဝက ဗိုလ်ချုပ်မြင်နိုင်ကြားနိုင်ပါ​စေ..."ဖေ​ဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ တစ်ထောင့်ကိုးရာ တစ် ဆယ့်ငါး ရှေ ​နေ ဦးဖာသား ဇာတိနတ်မောက် မကွေးခရိုင် သိကြအများ ခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသား." ဗိုလ်ချုပ်၏ ရဲရင့်သောစိတ်ဓာတ်၊ မဆုတ်မနှစ် ကြိုးပမ်းတတ်သော စိတ်၊ ဖြောင့်မတ်သောစိတ်ထားတို့ကို ခေတ်အဆက်ဆက် လူငယ် အားလုံး အစဉ်အမြဲ လေးစားအတုယူရင်း ဗိုလ်ချုပ်၏ (106) နှစ်ပြည့်မွေးနေ့ကို မြန်မာနိုင်ငံသားအားလုံးနဲ့အတူ အမြဲဂုဏ်ယူလေးစားလျှက်ပါ " ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page
Photo Credit : Nay Toe Facebook Page

Source & Photo Credit : Nay Toe Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T