စင်မြင့်ထက်မှာ ပရိသတ်တွေကို ဖျော်ဖြေခဲ့ရတဲ့ ထူးထူးဆန်းဆန်း ဝတ်စုံတွေက ယခုလို အချိန်မှာ အသုံးဝင်ကြောင်း ပြောလာတဲ့ မိစန္ဒီ

//s9.kh1.co/1f/1f25a8bb3fc95bbe39f8e8399a34f7442b86ebad.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Rapအဆိုတော်မလေး မိစန္ဒီကတော့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက်နဲ့ ရပ်တည်လျှောက်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဥ်တွေနဲ့ ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ မိစန္ဒီက ဂီတနဲ့ပတ်သတ်တဲ့ ဆုတံဆိတ်တွေကိုလည်း များစွာပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။ မိစန္ဒီက တစ်ကိုယ်တော် အယ်ဘမ်လ်တွေများစွာထွက်ရှိထားပြီး အနုပညာလှုပ်ရှားမှု အသစ်အသစ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။ 

Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page

မိစန္ဒီရဲ့ လှုပ်ရှားမှုတွေက ပရိသတ်တွေကို စိတ်ဝင်စားစေတာဖြစ်ပြီး သူမကလည်း လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ အမြဲဝေမျှလေ့ရှိသူပါနော်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်အပေါ်မှာလည်း မိစန္ဒီက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပြီး တစ်နေ့တာ လှုပ်ရှားမှုပုံရိပ်တွေကို တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ မကြာသေးတဲ့ အချိန်ပိုင်းလောက်ကလည်း မိစန္ဒီက ထူးခြားတဲ့ ဝတ်စုံတွေဆင်မြန်းကာ ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။

Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page

မိစန္ဒီက ပုံလေးတွေအပြင် " အရင်က ဒီဝတ်စုံတွေနဲ့ ကျွန်မတို့ စင်ပေါ်မှာ ပရိသတ်တွေကို ဖျော်ဖြေခဲ့တယ် အခုတော့ လမ်းပေါ်မှာ ဒါတွေဝတ်ပြီး ပြည်သူတွေနဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့တယ် အရင်က ပျော်ရွှင်ခဲ့ရတယ် အခုတော့ ရင်နာရတယ် ဒါပေမယ့် အရှုံးမပေးဘူး အားလုံးပဲ ညီစေနော် " ဆိုတဲ့ စာသားလေးကို ရေးသားခဲ့ပါသေးတယ်။ စင်မြင့်ထက်မှာ ပရိသတ်တွေကို ဖျော်​ဖြေခဲ့ရတဲ့ ဝတ်စုံလေးတွေက အခုလိုအချိန်မှာ အသုံးဝင်ကြောင်းပြောပြလာတာဖြစ်လို့ ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ 

Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page
Photo credit - Mi Sandi 's FB page

သတင်း အရင်းအမြစ်Source - Mi Sandi 's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T