လမ်းဘေးမှာ ဒန်အိုးအကြီးကြီးနဲ့ အအေးတွေဖျော်ပြီး ပြည်သူတွေအမောပြေအောင်လို့ လှူဒါန်းခဲ့ကြတဲ့ ပွင့်နဒီမောင်တို့အနုပညာရှင်တစ်စု

//s9.kh1.co/a1/a1c623e3319dcfb2faeaf18cead9006f8a33eebf.jpeg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လမ်းဘေးမှာ ဒန်အိုးအကြီးကြီးနဲ့ အအေးတွေဖျော်ပြီး ပြည်သူတွေအမောပြေအောင်လို့ လှူဒါန်းခဲ့ကြတဲ့ ပွင့်နဒီမောင်တို့အနုပညာရှင်တစ်စု

ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပွင့်နဒီမောင်ကတော့ ဗီဒီယိုတွေခေတ်စားကတည်းကဇာတ်ကားတွေအများအပြားကိုရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း ပွင့်နဒီမောင်က အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး တစ်ဖက်တစ်လမ်းကနေလည်းစီးပွါးရှာနေတာဖြစ်ပါတယ်။ပွင့်နဒီမောင်ကတော့ မောင်နှမအရင်းတွေလိုမျိုးချစ်ခင်ရတဲ့ ထူးခြားနဲ့အတူ “ဝက်နံရိုးမီးတောက်”ကို ကိုဗစ်ကာလမှစပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။

Photo Credit:Pwint Nadi Maung’s Facebook Acc

ပွင့်နဒီမောင်နဲ့ထူးခြားတို့ရဲ့ဝက်နံရိုးမီးတောက်ကို ပရိသတ်တွေနဲ့အနုပညာရှင်တွေကလည်း မှာယူစားသုံးကြလို့ လအနည်းငယ်အတွင်းမှာပင် လူသိများလာတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင်တော့ ပွင့်နဒီမောင်တို့လည်းစီးပွါးရေးတွေ၊အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ ပွင့်နဒီမောင်တို့အနုပညာရှင်တွေကလည်း ကိုယ်နိုင်တဲ့အားလေးနဲ့ ဝိုင်းဝန်းပံ့ပိုးပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc

ပွင့်နဒီမောင်ကတော့ ခင်မင်ရင်းနှီးရတဲ့အနုပညာမောင်နှမတွေနဲ့အတူ တစ်တပ်တစ်အားပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ပွင့်နဒီမောင်က နှိုင်းရှင်မြင့်မိုရ်၊ဖိုးသောကြာ စတဲ့အနုပညာရှင်တွေနဲ့ လမ်းပေါ်ထွက်ပြီး တစ်နိုင်တစ်ပိုင်လေးကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။ပွင့်နဒီမောင်တို့ကတော့ လမ်းဘေးမှာ ဒန်အိုးအကြီးကြီးနဲ့အအေးတွေဖျော်ပြီး ပြည်သူတွေအမောပြေအောင်လို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူတွေကအချင်းချင်းစည်းလုံးပြီး ရိုင်းပင်းကူညီကြလို့ အားတက်စရာကောင်းလှပါတယ်နော်။

Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc
Photo Credit:Pwint Nadi Maung’s Facebook Acc

Source&Photo Credit:Pwint Nadi Maung’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T