ဘာလုပ်လုပ်အမြဲညီပြီး စိတ်တူကိုယ်တူရှိတဲ့ ချစ်သူငယ်ချင်းယွန်းယွန်းနဲ့အတူ လူထုလှုပ်ရှားမှုမှာ နေ့တိုင်းတက်တက်ကြွကြွပါဝင်နေတဲ့ သဇင်ထူးမြင့်

//s9.kh1.co/96/96235a8c75e0419bba3805739ae9c689826c3c9d.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဘာလုပ်လုပ်အမြဲညီပြီး စိတ်တူကိုယ်တူရှိတဲ့ ချစ်သူငယ်ချင်းယွန်းယွန်းနဲ့အတူ လူထုလှုပ်ရှားမှုမှာ နေ့တိုင်းတက်တက်ကြွကြွပါဝင်နေတဲ့ သဇင်ထူးမြင့်

ဝါရင့်သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုအဖြစ် ဆောင်ရွက်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာရတာပဲ ဖြစ်ပါတယ် ။ သဇင်ထူးမြင့်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေရိုက်ကူးရသလို ဇာတ်လမ်းတွဲတွေမှာပါ ဝါရင့်အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ် ။ ငယ်ရွယ်ပြီးချစ်စရာကောင်းတဲ့ သဇင်ထူးမြင့်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။

Photo Credit -Thazin Htoo Myint's FB Acc
Photo Credit -Thazin Htoo Myint's FB Acc
Photo Credit -Thazin Htoo Myint's FB Acc
Photo Credit -Thazin Htoo Myint's FB Acc

အသက်ငယ်ပေမယ့် အရည်အချင်းရှိတဲ့ သဇင်ထူးမြင့်က အခုလည်း လူထုလှုပ်ရှားမှုမှာ ပါဝင်နေတာပဲ ဖြစ်ပါတယ် ။ သဇင်ထူးမြင့်က ဖေဖေခင်လှိုင်တို့အနုပညာလောကသားတွေနဲ့အတူ လမ်းပေါ်ထွက်ကာ တက်တက်ကြွကြွ လှုပ်ရှားနေတာ ဖြစ်ပါတယ် ။ မနေ့က ပြည်ထောင်စုနေ့မှာလည်း သဇင်ထူးမြင့်က မနက် (၈)နာရီကတည်းက ရုပ်ရှင်အစည်းအရုံးကိုရောက်ရှိခဲ့ပြီး အနုပညာရှင်တွေနဲ့အတူ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Thazin Htoo Myint's FB Acc
Photo Credit -Thazin Htoo Myint's FB Acc
Photo Credit -Thazin Htoo Myint's FB Acc
Photo Credit -Thazin Htoo Myint's FB Acc

သဇင်ထူးမြင့်ကတော့ သူမချစ်ရတဲ့သူငယ်ချင်း ယွန်းယွန်းနဲ့အတူ ပြည်သူတွေဘက်ကနေ အခိုင်အမာ ရပ်တည်ပြခဲ့တာ ဖြစ်ပါတယ် ။ သဇင်ထူးမြင့်နဲ့ ယွန်းယွန်းတို့နှစ်ယောက်က ဘာလုပ်လုပ်အမြဲညီပြီး စိတ်တူကိုယ်တူရှိကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲ ဖြစ်ပါတယ် ။ ကဲ လူငယ်တွေဖြစ်ပေမယ့် နေ့တိုင်းလမ်းပေါ်ထွက်ကာ အားအပြည့်နဲ့ ပါဝင်လှုပ်ရှားနေတဲ့ သဇင်ထူးသဇင်ထူးမြင့်တို့အနုပညာရှင်တစ်စုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit -Thazin Htoo Myint's FB Acc

Photo Credit -Thazin Htoo Myint's FB Story 
Photo Credit -Thazin Htoo Myint's FB Story 
Photo Credit -Thazin Htoo Myint's FB Acc
Photo Credit -Thazin Htoo Myint's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T