သရုပ်ဆောင် မင်းသားနိုင်းနိုင်းကတော့ လတ်တလောလာဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ပြည်သူများနဲ့အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားလုပ်ဆောင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းအောင်လည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဆုတောင်းပေးနေတာလည်း ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေတိုင်းကိုလည်း သိပ်တင်လေ့မရှိတာကြောင့်လည်း တစ်ချို့ပရိသတ်တွေက ဒီအခြေအနေမှာ ပါဝင်မှုမရှိဘူးလို့ ထင်မှတ်ခံနေရတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း နိုင်းနိုင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံတင်ပေးလာတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်ငြင်းခုန်နေတာထက်ကိုယ့်လိပ်ပြာကိုယ်လုံဖို့အရေးကြီးကြောင်းပြတ်သားစွာပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ သူကလည်း " ကျွန်တော်သည် အနုပညာသမား စစ်စစ်ဖြစ်သည်။ ပြည်သူထဲကပြည်သူတစ်ယောက်မို့ ဖြစ်ချင်တာလည်း ပြည်သူ့ဆန္ဒနဲ့တစ်ထပ်တည်း.... မြန်မာပြည်သူပြည်သားများအားလုံး... ဘေးရန်ကင်းရှင်းပြီး... အမြန်ဆုံး ငြိမ်းအေးပါစေ..."
" အခုချိန်မှာ ဘယ်သူဘာလဲ ငြင်းခုံရမယ့်အချိန်မဟုတ်ဘူး။ Fb မှာ စကားတွေ အများကြီးပြောပြီး.. စကားလုံးတွေနဲ့ အချိန်ဖြုန်း တဲ့အထဲမှာ ကျုပ်မပါဘူး... ကျုပ်ဘာလုပ်နေလဲ သိချင်ရင် ကျုပ် Page မှာ လာမကြည့်နဲ့... ဘာမှလည်း တင်မှာမဟုတ်ဘူး။ သိချင်ရင် အပြင်လောကထဲထွက်ခဲ့။ကိုယ်ဘာလုပ်နေလည်း ကိုယ်သိ။ ကိုယ့်လိပ်ပြာကိုယ်လုံ ဖို့အရေးကြီးတယ်။ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Actor 99’s Facebook Page and Sandy Cho’s Facebook Account