တတ်နိုင်တဲ့ဘက်ကနေ စားစရာလေးတွေကို ဝေငှပေးခဲ့ပြီး ပြည်သူ့ပရိသတ်တွေနဲ့အတူ အပြည့်အဝရပ်တည်ပေးခဲ့တဲ့ ဆုအိမ့်စံ

//s9.kh1.co/73/73c4f4c48be66687d3854ea5cc716a348742339e.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချောလေး ဆုအိမ့်စံကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်ကိုင်နေပြီး ယုံကြည်ရာလမ်းကိုလျှောက်လှမ်းနေတုန်းပဲ ဖြစ်ပါတယ်။ ဆုအိမ့်စံ ရဲ့ လေးစားစရာကောင်းတာလေးကတော့ သူတစ်ပါးကိုလည်း အမြဲကူညီပေးသလို အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတတ်တဲ့ အပြုအမူလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account

ယခုမှာလည်း ဆုအိမ့်စံက ပရိသတ်တွေကြည်နူးချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။ဒီပုံလေးတွေကတော့ ဆုအိမ့်စံဟာ လူထုလှုပ်ရှားမှု (၇)ရက်မြောက်နေ့လေးမှာပဲ ရဲရဲဝံ့ဝံ့ လူထုလှုပ်ရှားမှုမှာပါဝင်နေကြတဲ့ ပြည်သူ့ပရိသတ်တွေနဲ့ အတူ အပြည့်အဝရပ်တည်ပေးပြီး တတ်နိုင်သလောက် စားစရာလေးတွေကို ကိုယ်တိုင်ဝေငှပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ပရိသတ်တွေနဲ့ အတူ တရင်းတနှီး စိတ်သဘောထားပြည့်ဝစွာ အမှတ်တရပုံလေးတွေရိုက်ခဲ့တာလည်း မြင်တွေ့ရပါတယ်။

Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account

ယခုလို ပြည်သူ့ပရိသတ်တွေအတွက် တတ်နိုင်သလောက် စားစရာဝေငှပေးတာနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာလည်း " ပြည်သူတွေ အတွက် ဆုဆု တတ်နိုင်တဲ့ဘက်ကနေ အားပေးလှူဒါန်းမှုလေး ကြက်ဥပြုတ်နဲ့ ဌက်ပျောသီးစားပြီး အတူတူ အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ကြမယ်" ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ တကယ့်ကို ကြည်နူးလေးစားစရာ အပြုအမူလေးကို ပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး ဆုအိမ့်စံကိုလည်း အရင်ကထက်ပိုပြီး ချစ်ပေးကြပါဦးနော်။

Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account
Photo Credit - Hsu Eaint San fb account

သတင်း အရင်းအမြစ်Source - Hsu Eaint San fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T