ည(၈)နာရီတိုင်းလုပ်လေ့ရှိတဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုမှာ အားသွန်ခွန်စိုက်ပါဝင်လာပြီး ပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ပြခဲ့တဲ့ စိုင်းစိုင်းရဲ့ဗီဒီယို

//s9.kh1.co/26/2603050539cc2c69ae7ad9ecf391a4aa973a6ec0.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ည(၈)နာရီတိုင်းလုပ်လေ့ရှိတဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုမှာ အားသွန်ခွန်စိုက်ပါဝင်လာပြီး ပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ပြခဲ့တဲ့ စိုင်းစိုင်းရဲ့ဗီဒီယို

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ အရည်အချင်းပြည့်ဝတဲ့ စိုင်းစိုင်းခမ်းလိုင်ကတော့ ဂီတလောကမှာသာမက အနုပညာနယ်ပယ်မှာပါ အောင်မြင်နေတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် စိုင်းစိုင်းက မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်တစ်ဦးလို့ ဆိုရအောင်လောက်အောင်ကို ပရိသတ်တွေရဲ့သည်းသည်းလှုပ် အားပေးခြင်းခံနေရတာ ဖြစ်ပါတယ် ။ စိုင်းစိုင်းက သူ့ရဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြတ်အသတ်ရရှိခဲ့ပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Sai Sai Kham Leng's FB Page 
Photo Credit-Sai Sai Kham Leng's FB Page 
Photo Credit-Sai Sai Kham Leng's FB Page 
Photo Credit-Sai Sai Kham Leng's FB Page 

စိုင်းစိုင်းအနေနဲ့ အနုပညာအလုပ်တွေအပြင် "Sai Cosmetix" နာမည်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ပြီး အလှကုန်ပစ္စည်းတွေကို ရောင်းချနေတာပဲ ဖြစ်ပါတယ် ။ စိုင်းစိုင်းကို ချစ်တဲ့ပရိသတ်တွေကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်ပြီး အားပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း စိုင်းစိုင်းက သူချစ်ရတဲ့ပရိသတ်တွေရဲ့ဆန္ဒနဲ့ တစ်သားတည်းထပ်တူကျကြောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ် ။

Photo Credit-Sai Sai Kham Leng's FB Page 
Photo Credit-Sai Sai Kham Leng's FB Page 
Photo Credit-Sai Sai Kham Leng's FB Page 
Photo Credit-Sai Sai Kham Leng's FB Page 

စိုင်းစိုင်းက ည(၈)နာရီတိုင်းလုပ်လေ့ရှိတဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုမှာ အားသွန်ခွန်စိုက်ပါဝင်လာကြောင်း ဗီဒီယိုလေးရိုက်ပြထားတာ ဖြစ်ပါတယ် ။ စိုင်းစိုင်းကတော့ အိမ်မှာနေရင်း နိုင်ငံအတွက် တတ်နိုင်သလောက် တာဝန်ကျေသလို နေ့လယ်နေ့ခင်းမှာလည်း ပြည်သူတွေအတွက် အချိုရည်တွေအမောပြေသောက်ရအောင် သွားလှူပေးနေတာ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး တစ်ယောက်တည်း သံပုံးကို အားရပါးရတီးနေတဲ့ စိုင်းစိုင်းရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sai Sai Kham Leng's FB Page Story

Photo Credit-Sai Sai Kham Leng's FB Page 
Photo Credit-Sai Sai Kham Leng's FB Page 
Photo Credit-Sai Sai Kham Leng's FB Page Story
Photo Credit-Sai Sai Kham Leng's FB Page Story
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T