လက်ရှိအခြေအနေတွေကြောင့် ညတိုင်းအိပ်ဆေးသောက်အိပ်ရတဲ့ရက်တွေများလာပြီမို့ ဝန်ထမ်းတွေကိုအနူးအညွှတ်တောင်းပန်လိုက်တဲ့ နန်းဆုရတီစိုး

//s9.kh1.co/1f/1f68e1dc028f8c1f5836412fe2b6518416014bfa.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၆am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. နန်းဆုလို့ ဆိုလိုက်တာနဲ့ အနုပညာလောကမှာ ယောကျ်ားလေးပရိသတ် မိန်းကလေးပရိသတ်တွေတော်တော်များများရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေးကို မြင်ယောင်ကြမှာပါနော်..။

နန်းဆုလေးဟာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သူမတတ်နိုင်ဘက်ကနေ တတ်နိုင်တဲ့အင်အားလေးနဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေသူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc

နန်းဆုလေးကတော့ လူထုလှုပ်ရှားမှုတွေမှာ အပင်ပန်းခံကာ ကြိုးစားပမ်းစားပါဝင်လှုပ်ရှားနေပြီး ရပ်ကွက်အတွင်း မငြိမ်သက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ဖေဖော်ဝါရီ(၁၂)နေ့ညကလည်း ပြည်သူပရိသတ်တွေအတွက် စိုးရိမ်ပူပန်ရသလို သူမကိုယ်တိုင်ကလည်း အိပ်ဆေးသောက်အိပ်နေရတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြလာပါတယ်နော်..။

လက်ရှိအခြေအနေတွေကြောင့် ညတိုင်းအိပ်ဆေးသောက်အိပ်ရတဲ့ရက်တွေများလာပြီမို့ အစိုးရဝန်ထမ်းတွေကို လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ပေးဖို့ အနူးအညွှတ်တောင်းပန်လိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc

"ညတိုင်းအိပ်ဆေးသောက်အိပ်ရတဲ့ ရက်တွေများပြီ

စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပြည်သူတွေ စိတ်ပင်ပန်းလူပင်ပန်းနေကြရတဲ့ ပြည်သူတွေ ဟူး

ဒီအရေးတော်ပုံ အမြန်အောင်မှ ဖြစ်မှာ

CDM ကို အားလုံးပါဝင်လာပေးဖို့ အနူးအညွတ် တောင်းပန်ပရစေရှင် ???" ဆိုပြီး နန်းဆုက ရေးသားပြောပြထားတာပါ..။

သူမရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ထပ်တူစိတ်မကောင်းဖြစ်ကြရသလို ပြည်သူတွေအားလုံး ဆက်ပြီးအားတင်းကြိုးစားသွားမယ့်အကြောင်းလေးတွေနဲ့ နန်းဆုလေးကို အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc

သတင်း အရင်းအမြစ်Nansu Yati Soe's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T