လမ်းအလျှောက်များလို့ ခြေထောက်နာကျင်လာတာကို ဘယ်လိုကုသမလဲ

//s9.kh1.co/cf/cf7c2f6401aadb792a8535bd3a77a95112a5cb13.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

လူတစ်ယောက်ဟာ တစ်နေကုန်နီးပါး မတ်တပ်ရပ်ရတာပဲ ဖြစ်ဖြစ် လမ်းလျှောက်တာပဲဖြစ်ဖြစ် လုပ်ရတဲ့အခါမှာ ခြေထောက်ကြွက်သားတွေ ညောင်းညာပြီး ကိုက်ခဲလာတတ်ပါတယ်။ တချို့ဆိုရင် လမ်းအလျှောက်များပြီး ခြေထောက်တွေ ရောင်ရမ်းလာတဲ့အထိ ဖြစ်တတ်ကြပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကို ဆေးသောက်စရာမလိုပဲ ခြေထောက်ညောင်းညာ ကိုက်ခဲတာတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

photo from google
photo from google

၁. ရေနွေးဝတ်ကပ်ခြင်း

ရေနွေးဝတ်ကပ်တာကိုတော့ လူတော်တော်များများ မြင်ဖူးကြမယ်ထင်ပါတယ်။

ရေနွေးဝတ်ကပ်တာဟာ ပူနွေးတဲ့ ရေနွေးထဲကို တဘက်လေးနှစ်ပီး ရေညှစ်ကာ နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပေါ်မှာ ကပ်ပေးရတာပဲ ဖြစ်ပါတယ်။

ရေနွေးဝတ်ကို ကိုက်ခဲနေတဲ့ ကိုယ့်ရဲ့ခြေထောက်ပေါ်မှာ ကပ်ပေးလိုက်မယ်ဆိုရင် သွေးလေလည်ပတ်မှုကောင်းလာပြီး ရောင်ရမ်းနေတာတွေ ကိုက်ခဲနေတာတွေ သက်သာလာစေပါတယ်။

photo from google
photo from google

၂. ရေခဲကပ်ခြင်း

ရေခဲကပ်တာက ရေခဲအတုံးလိုက်ကြီးကို ယူပီးကပ်ပေးရတာမဟုတ်ပါဘူး။

ရေခဲကို အတုံးသေးသေးလေးတွေ​ဖြစ်အောင် ထုခွဲပြီး အိတ်ဒါမှမဟုတ် အဝတ်စတစ်ခုခုနဲ့ ထုပ်ပိုးပြီး ညောင်းကိုက်နေတဲ့နေရာအနီးတဝိုက်ကို ကပ်ပေးရတာပဲ ဖြစ်ပါတယ်။ အရမ်းကိုက်နေတဲ့နေရာတွေဆိုရင်တော့ ရေခဲအိတ်လေးကို စက်ဝိုင်းပုံစံလှည့်ပီး နှိပ်နယ်ပေးသင့်ပါတယ်။

ဒီနည်းလမ်းလေးက ကြွက်သားနာကျင်တာနဲ့ ညောင်းညာတာတွေကို သက်သာစေတဲ့အတွက် ပရိသတ်တွေအတွက် အသုံးတည့်မယ်လို့ထင်ပါတယ်။

photo from google
photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T