ကြာဇံကြော်၊မုန့်နဲ့ အချိုရည်တွေကို နေ့စဥ်ပေးလှူရင်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသလိုက်တဲ့ ဇင်ဇင်ဇော်မြင့်

//s9.kh1.co/92/924960cd15510c753a5a989be9bcfacb629df4f5.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ကြာဇံကြော်၊မုန့်နဲ့ အချိုရည်တွေကို နေ့စဥ်ပေးလှူရင်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသလိုက်တဲ့ ဇင်ဇင်ဇော်မြင့်

မင်းသမီးဇင်ဇင်ဇော်မြင့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့ နေထိုင်ပြောဆိုတတ်တဲ့ ဇင်ဇင်ဇော်မြင့်ကတော့ အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပြီး သားလေးတွေကို ပြုစုပျိုးထောင်လျက်ရှိနေတာဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်​နေသူတစ်ယောက်ဖြစ်ပါတယ်။

Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo Credit: Zin Zin Zaw Myint ' s Facebook Acc
Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo Credit: Zin Zin Zaw Myint ' s Facebook Acc

ဇင်ဇင်ဇော်မြင့်ကတော့ ယခုမှာ ကြာဇံကြော်၊မုန့်နဲ့ အချိုရည်တွေကို ပေးလှူရင်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသလိုက်ပါတယ်။ သူမကတော့ " မေလေးအနုပညာစလုပ်ထဲကပြည်သူပြည်သားတွေ အားပေးခဲ့လို့ချစ်ပေးခဲ့လို့အခုချိန်ထိရပ်တည်နိုင်ခဲ့တာပါ . ပြည်သူ့မေတ္တာမပါရင် ဒီချိန်ထိ မရှင်သန်မရပ်တည်နိုင်ပါဘူး . ပြည်သူတွေ မေလေးကိုချစ်တဲ့ အားပေးတဲ့ fans များ ချစ်ရတဲ့ ပရိတ်သတ်များ နိုင်ငံသူနိုင်ငံသားများရဲ့အတူ အမြဲရှိနေပါ့မယ် . နေ့စဉ် လဲ ကြာဇံကြော် , မုန့် , ရေ , အချို ရည် ဝေပြီး တတ်နိုင်တဲ့ ဘက်က နေ မြန်မာပြည်သူတယောက်အနေနဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့အတူရပ်တည်နောက်ဆုံးအချိန်ထိ ရပ်တည်သွားပါ့မယ်လို့သစ္စာပြုပါတယ် . မြန်မာပြည်သူပြည်သားများ အားလုံး မေလေး ချစ်ရတဲ့ပရိတ်သတ်များ အားလုံး ကျန်းမာ ချမ်းသာ အနာရောဂါ ကင်းဝေးဘေးရန်ကင်းကံကောင်းကြပါစေ . ပြည်သူတွေဖြစ်ချင်တဲ့အရာအားလုံးလဲ အမြန်ဘေးကင်းပြီး ပြည့်ကြပါစေ" ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo Credit: Zin Zin Zaw Myint ' s Facebook Acc
Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo Credit: Zin Zin Zaw Myint ' s Facebook Acc
Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo Credit: Zin Zin Zaw Myint ' s Facebook Acc

သူမကတော့ " ပုံတွေနေ့စဉ်မတင်ဖြစ်ပေမယ့်အလှုတွေကုသိုလ်တွေပြုလုပ်ပြီးတတ်နိုင်ဘက်ကနေနိုင်ငံသူနိုင်ငံသားများနဲ့အတူနေ့စဉ်ရှိနေပါတယ်အမြဲလဲသစ္စာဆိုဆုတောင်းပေးပါတယ်ရှင့် . မြန်မာပြည်သူပြည်သားများ အားလုံးဘေးကင်းကြပါစေ ရန်ကင်းကြပါစေ ကျန်းမာချမ်းသာကြပါစေ စိတ်ဆင်းရဲခြင်းကင်းကြပါစေ စိတ် မှာဖြစ် ချင်တဲ့အရာမှန်သမျှ အမြန်ဆုံးလိုရာပြည့်ကြပါစေနော် " ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးဇင်ဇင်ဇော်မြင့်ရဲ့ စားစရာတွေပေးလှူနေတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Zin Zin Zaw Myint ' s Facebook Acc

Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo Credit: Zin Zin Zaw Myint ' s Facebook Acc
Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo  Credit: Zin Zin Zaw Myint ' s Facebook Acc
Photo Credit: Zin Zin Zaw Myint ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T