လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်နေတဲ့အပြင် အနောက်ပေါက်ကနေ ရုံးတက်နေကြသူတွေကို မှန်မှန်ကန်ကန်ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုတိုက်တွန်းလိုက်တဲ့ ဖွေးဖွေး

//s9.kh1.co/82/828e6fde3aaf04f3835873dca8e19c3d362ffc3c.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဖွေးစိန်လို့ အားလုံးကချစ်စနိုးခေါ်ကြပြီး အနုပညာလောကမှာ အကယ်ဒမီထူးချွန်ဆုတွေနဲ့အတူ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားသူလေးကတော့ မင်းသမီးချောလေး ဖွေးဖွေးပဲ ဖြစ်ပါတယ်နော်..။

ဖွေးကတော့ လက်ရှိမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေအပေါ်မှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး ဝန်ထမ်းတွေကိုလည်း ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်နော်..။

Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်နေတဲ့အပြင် အနောက်ပေါက်ကနေ ရုံးတက်နေကြသူတွေကိုလည်း မှန်မှန်ကန်ကန်ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုတိုက်တွန်းလိုက်တာလည်း တွေ့ရပါတယ်နော်..။

ဖွေးစိန်လေးဟာ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားကာ တိုက်တွန်းထားတာ ဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာပါ ပါဝင်နေတဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အသိပေးဝေမျှထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

"CDM မှာ ပါဝင်ပေးတဲ့ ပြည်သူ့ဝန်ထမ်းများ အားလုံးအားလုံးကို လေးစားတန်ဖိုးထားရပါတယ်

????တနိုင်ငံလုံး အင်တိုက်အားတိုက်နဲ့ နိုင်အောင်တိုက်နေပါတယ်..?????

သင်တို့ ချန်နေခဲ့မလို့လား...

၅ ရုံးထဲပါ။

CDM က ပါဝင်ပေးကြဖို့ တောင်းဆိုပါတယ်

ရန်ကုန်မှာ ရုံးကြီး ၅ ရုံးက အဓိက ပဲ။

- Baho bank ( Central Bank Of Myanmar)

- DICA ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး

- အခွန်ရုံး

- စည်ပင်ရုံး

- တရားရုံး

အဲ့ဒါရပ်ရင် သူတို့ အကုန်ရပ် ပြီ။

(မရှယ်ပဲ ကော်ပီယူပေးကြပါ)

The only effective hope is CDM movement.

PS - အမှန်အကန် လုပ်ပေးပါ please

နောက်ပေါက်က အလုပ်တက်လို့ မရပါဘူးနော်

ထိခိုက်မှုတွေ ပိုမကြာအောင်

ကိုယ့်ကြောင့် တပါးသူတွေ သွေးမြေထပ်မကျအောင်

မြန်မြန်လေး မှန်မှန်ကန်ကန်လေး

ပူးပေါင်းပေးကြပါ အတည်လုပ်ပေးပါ.." ဆိုပြီး ဖွေးစိန်လေးက ရေးသားကာ တိုက်တွန်းတောင်းဆိုထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

သတင်း အရင်းအမြစ်Phway Phway's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T