မြန်မာဝတ်စုံပြည့်ဝတ်ပြီးပန်းပန်ကာ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ သံရုံးတွေရှေ့မှာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့ ပိုပို

//s9.kh1.co/d7/d7d5894e8fc777f64b57112a9d313831bb412cf1.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကပိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ နေရာတစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်စွာလျှောက်လှမ်းရပ်တည်နေသူကတော့ သီချင်းကောင်းတွေများစွာထွက်ရှိထားတဲ့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တော်လေးပိုပိုကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားနေတာ တွေ့ရပါတယ်နော်..။

Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc

ဒီနေ့လေးမှာလည်း ပိုပိုတစ်ယောက် ဝန်ထမ်းတွေအနေနဲ့ CDMမှာ စည်းစည်းလုံးလုံးနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပြီး ပြည်သူပရိသတ်တွေနဲ့အတူ UK သံရုံးနဲ့ ဘရူးနိုင်းသံရုံးတွေမှာလည်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်..။

ပိုပိုဟာ မြန်မာဝတ်စုံပြည့်ဝတ်ပြီးပန်းပန်ကာ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ သံရုံးတွေရှေ့မှာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာမို့ ပရိသတ်တွေအများအပြားကလည်း တစ်ခဲနက်အားပေးနေကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc

"ပြည်သူတွေရဲ့ အနာဂတ်အတွက် CDM ကို

ဆက်လက်လုပ်ဆောင်ပေးကြပါနော်

ဒီနေ့ UK နဲ့ ဘရူနိုင်းသံရုံးရှေ့မှာ ပါဝင်ခဲ့ပါတယ်

♥️

Fight for Democracy

"Help Us Stop Crime Against Humanity"

"Support US"

"Send Us Humanitarian aid".." ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကို ပိုပိုက ဝေမျှထားတာပါ..။

အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ပြီးတက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ ပိုပိုကို အားပေးထောက်ခံထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc
Photo Credit - ပိုပို Fb Acc

သတင်း အရင်းအမြစ် ပိုပို Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T