မောင်လေးဖြစ်သူနဲ့အတူ တက်ညီလက်ညီနဲ့လှုပ်ရှားမှုတွေမှာပါ၀င်နေပြီး မမောနိုင်မပန်းနိုင်ပြည်သူလူထုကိုအားပေးနေတဲ့မေမြင့်မိုရ်

//s9.kh1.co/c4/c4099eeeed5bbaf16a7d198be0e0c6f505a6226b.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ..... မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း အောင်မြင်မှုတွေကိုသိမ်းပိုက်ထားနိုင်တဲ့သူလေးဖြစ်ပြီးတော့ Mrtv-4ရဲ့ချစ်စရာမင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ပက်သက်ပြီး ပြည်သူတွေနဲ့အတူတသားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

လူထုလှုပ်ရှားမှုတွေဟာ ဒီနေ့မှာဆိုရင် (၇)ရက်မြောက်နေ့ကိုရောက်ရှိလာပြီဖြစ်ပြီးတော့ တစ်နေ့ပြီးတစ်နေ့အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်လည်း မေမြင့်မိုရ်ဟာ သူမရဲ့မောင်လေးရှင်းမြတ်နဲ့အတူ မောင်နှမနှစ်ယောက် တက်ညီလက်ညီနဲ့ လှည်းတန်းကပြည်သူပရိသတ်တွေနဲ့ပူးပေါင်းကာ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေတာကိုတွေ့ရပါတယ်နော်....။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

အခုလိုတက်တက်ကြွကြွနဲ့ ပြည်သူနဲ့အတူပူးပေါင်းလုပ်ဆောင်နေတဲ့သူမရဲ့ ပုံရိပ်တွေကို မေမြင့်မိုရ်ဟာ Facebookစာမျက်နှာမှာ "We want justice ပြည်သူနဲ့အတူ We Need To Fight For Democracy...." ဆိုပြီးရေးသားကာ တင်ပေးလာခဲ့ပါတယ်။ ကဲ....ပြည်သူပရိသတ်တွေနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်နေတဲ့ မေမြင့်မိုရ်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

သတင်း အရင်းအမြစ်May Myint Mo's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T