နေ့စဉ်နေ့တိုင်းနေပူကြီးထဲမှာတောင် အားမလျှော့ပဲ တက်တက်ကြွကြွနဲ့ပြည်သူနဲ့အတူရပ်တည်ပေးနေတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/2b/2b5db7870911da6f6d228307b93c63668a3f41a8.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့အတူလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာကို ပရိသတ်တွေလည်းတွေ့မြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုပြည်သူနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပူးပေါင်းပါ၀င်ကြတဲ့အနုပညာရှင်တွေအပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်ပြီး ကူညီအားဖြည့်မှုတွေပြုလုပ်နေတဲ့ အနုပညာရှင်တွေလည်း များစွာရှိကြတာလည်းကို ပရိသတ်ကြီးတွေ့မြင်ကြမယ်ထင်ပါတယ်။

Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc

အခုလိုပြည်သူတွေနဲ့အတူတက်ကြွစွာပါ၀င်နေတဲ့ အနုပညာရှင်တွေထဲမှာဆိုရင်ပိုင်ဖြိုးသုတစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ နေ့စဉ်နေ့တိုင်းအခြားသောအနုပညာရှင်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပြီး မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာမှာလည်း Supermanများ... Wonderwomanများအလိုရှိသည်!!!ကျွန်မတို့တွေ နေ့တိုင်းနေပူပူလမ်းမထက်မှာခြေတိုအောင်လျှောက်ပြီး လည်ချောင်းတွေကွဲမတတ်ကြွေးကြော် ဆန္ဒပြနေကြပါတယ်....ည(၈:၀၀)နာရီတိုင်းလည်းသံပုံးတွေတီးကြပါတယ်....ဒါပေမယ့်ကျွန်မတို့ကပြည်သူ့ဝန်ထမ်းတွေမဟုတ်ကြပါဘူး...

မတရားသဖြင့်အာဏာသိမ်းထားတဲ့ စစ်အစိုးရရဲ့ယန္တရားကိုရပ်ပစ်နိုင်စွမ်းက ကျွန်မတို့လက်ထဲမှာမရှိပါဘူး....။

Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc

"ကျွန်မတို့က သာမန်ပြည်သူတွေပါ....

ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့ အကိုတို့အမတို့ကသာ သူတို့ရဲ့ယန္တရားကြီးကိုရပ်တန့်ပစ်နိုင်စွမ်းရှိတာပါ....ရုံးမသွားကြပါနဲ့တော့...ရုန်းထွက်ပေးကြပါ...သူတို့ပေးထားတဲ့ဝန်ထမ်းအိမ်ရာမှာနေရတာမို့...အနောက်မှာမှီခိုနေတဲ့မိသားစုတွေကိုငဲ့နေလို့ လောလောဆယ်အထိမပါဝင်နိုင်သေးတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုမေတ္တာရပ်ခံချင်တာကတော့ ကိုယ့်မိသားစုရဲ့လက်ကိုမြဲမြဲဆွဲပြီးသာ အဲဒီ့အိမ်ကနေရဲရဲကြီးဆင်းခဲ့ပါ....

ကျွန်မတို့ပြည်သူတွေဘက်ကရပ်တည်ပေးတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့သူတို့ရဲ့မိသားစုတွေအတွက်ကျွန်မတို့ပြည်သူတွေကတာဝန်ယူပါတယ်....မတရားဖမ်းဆီးမခံရဖို့လည်းဝိုင်းဝန်းစောင့်ရှောက်ပေးပါ့မယ်....မတရားအနိုင်ကျင့်နေကြသူတွေရဲ့ အုပ်ချုပ်မှုယန္တရားကြီးကို ရပ်တန့်ပေးပြီး ပြည်သူအားလုံးရဲ့အနာဂတ်ကိုကယ်တင်ပေးဖို့ အစွမ်းသတ္တိက အကိုတို့အမတို့လို ပြည်သူ့ဝန်ထမ်းတွေရဲ့ လက်ထဲမှာပဲရှိလို့ပါ....ကျွန်မတို့အတွက် Supermanတွေ Wonderwomanတွေဖြစ်ပေးကြပါလားရှင်...." ဆိုပြီး သူမရဲ့ Facebookစာမျက်နှာမှာရေးသားထားခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc
Photo credit-Paing Phyoe Thu's Facebook acc

သတင်း အရင်းအမြစ်Paing Phyoe Thu's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T