ရှေ့ကဦးဆောင်ကာ အားကြိုးမာန်တက် သီချင်းတွေဆိုရင်း ပြည်သူနဲ့အတူ ရဲရဲဝင့်ဝင့်လှုပ်ရှားမှုပြုလုပ်နေတဲ့ လူမင်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/65/65f8a1c80165945986d3e3ee0691392da44e767b.jpeg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....,

မင်းသားကြီး လူမင်းကတော့ ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ပါ ။ အချိန်အတော်ကြာအောင် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့တဲ့ လူမင်းက အနုပညာရှင်တွေနဲ့ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ခုချိန်ထိ အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။ 

Photo Credit : Ayarwady Lu Min Facebook Account
Photo Credit : Ayarwady Lu Min Facebook Account
Photo Credit : Ayarwady Lu Min Facebook Account
Photo Credit : Ayarwady Lu Min Facebook Account

လူမင်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ခုချိန်ထိ ရဲဝင့်စွာရပ်တည်ခဲ့သူတစ်ယောက်ပါ ။နေရာအနှံ့အပြားမှာ ပြည်သူတွေသန်းနဲ့ချီပြီးလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာဖြစ်ပြီး အနုပညာရှင်တွေ တော်တော်များများလည်းပါဝင်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေနေ့စဉ်တိုင်းပြုလုပ်ခဲ့ကြတာပါ။

Photo Credit : Ayarwady Lu Min Facebook Account
Photo Credit : Ayarwady Lu Min Facebook Account
Photo Credit : Ayarwady Lu Min Facebook Account
Photo Credit : Ayarwady Lu Min Facebook Account

လူမင်းကသူရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေ အပြင် ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဖေ့ဘွတ်အကောင့်မှာ အမြဲဖော်ပြလေ့ရှိပါတယ်။အခုလည်း အနုပညာမောင်နှမတွေနဲ့အတူ သူကိုယ်တိုင် ရှေ့ကဦးဆောင်ကာ သံပြိုင်သီချင်းတွေဆိုရင်း လှုပ်ရှားမှုပြုလုပ်နေတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးကြည့်ပြီးလေးစား အားရမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Ayarwady Lu Min Facebook Account
Photo Credit : Ayarwady Lu Min Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T