လူငယ်တွေဖြစ်ကြလို့စိတ်အားထက်သန်မှုအပြည့်နဲ့လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်နေကြတဲ့ မေတိုးခိုင်နဲ့နော်ဖောအယ်ထား

//s9.kh1.co/00/0018f32b91e604ffe96a52fcf557524105517dfb.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လူငယ်တွေဖြစ်ကြလို့စိတ်အားထက်သန်မှုအပြည့်နဲ့လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်နေကြတဲ့ မေတိုးခိုင်နဲ့နော်ဖောအယ်ထား

မင်းသမီးချောလေးနော်ဖောအယ်ထားကတော့ ပရိသတ်တွေရဲ့ အချစ်ကိုအခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ နော်ဖောအယ်ထားနဲ့ မေတိုးခိုင်တို့ကတော့  ခင်မင်ကြတဲ့သူငယ်ချင်းအရင်းကြီးတွေဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း အတူတကွလုပ်ကိုင်နေကာ ဇာတ်ကားတွေ၊ကြော်ငြာတွေကိုလည်း အတူရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit: naw phaw eh htar ' s Facebook Page

Photo Credit: may toe khine - မေတိုးခိုင် ' s Facebook Page 

နော်ဖောအယ်ထားတို့သူငယ်ချင်း၂ယောက်ကတော့  လူထုလှုပ်ရှားမှုတွေစဖြစ်တဲ့နေ့ကတည်းက ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ကြသူတွေပဲဖြစ်ပါတယ်။ ယခုမှာတော့ နော်ဖောအယ်ထားနဲ့ မေတိုးခိုင်တို့သူငယ်ချင်း၂ယောက်ဟာ လူငယ်တွေဖြစ်ကြလို့စိတ်အားထက်သန်မှုအပြည့်နဲ့လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်နေခဲ့ကြပါတယ်။ တစ်ခြားသောနာမည်ကြီးအနုပညာရှင်တွေနဲ့အတူ ပါဝင်နေကြတဲ့ သူမတို့၂ယောက်ရဲ့ ပုံရိပ်လေးတွေဟာ မြင်ရသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: naw phaw eh htar ' s Facebook Page
Photo Credit: naw phaw eh htar ' s Facebook Page
Photo Credit: naw phaw eh htar ' s Facebook Page
Photo Credit: naw phaw eh htar ' s Facebook Page
Photo Credit: naw phaw eh htar ' s Facebook Page
Photo Credit: naw phaw eh htar ' s Facebook Page

မေတိုးခိုင်ကတော့ " CDM လုပ်ပေးကြပါ လုပ်ပေးကြပါ။ တကယ်အစွမ်းကုန် လိုအပ်တာကူညီပေးပါ့မယ်ဆိုတာ လုပ်ဇာတ်မဟုတ်ပါဘူး.. ယုံကြည်ပေးပါ။ ကျွန်မတို့တွေတစ်ဖက်တစ်လမ်းကနေ မနက်ကနေ ညအထိအစွမ်းကုန်လှုပ်ရှားနေပါတယ်။ ဝန်ထမ်းတွေ ကိုတစ်ကယ်တောင်းဆိုပါတယ်နော်။ လာ Join ကြပါ။ လုပ်ဖို့အခက်အခဲရှိနေတယ်ဆို ကျွန်မတို့တွေကိုပြောပါ နားစွင့်နေပါတယ် မျှော်လင့်နေပါတယ် ယုံကြည်နေပါတယ်နော် ကူညီမယ့်အသင်းအဖွဲ့တွေအများကြီးရှိနေပါပြီ CDM ပါဝင်ဖို့ လည်းကိုယ့်မိသားစု နီးစပ်ရာ အစိုးရဝန်ထမ်းတွေကိုလည်းတိုက်တွန်းပေးပါ။ အားပေးစကားတွေပြောပြီးပဲစည်းရုံးကြပါနော်။ Shaming လုပ်တာတွေလုံးဝမလုပ်ပါနဲ့ We are one. Please join us "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: may toe khine - မေတိုးခိုင် ' s Facebook Page / naw phaw eh htar ' s Facebook Page

Photo Credit: may toe khine - မေတိုးခိုင် ' s Facebook Page 
Photo Credit: may toe khine - မေတိုးခိုင် ' s Facebook Page 
Photo Credit: may toe khine - မေတိုးခိုင် ' s Facebook Page 
Photo Credit: may toe khine - မေတိုးခိုင် ' s Facebook Page 
Photo Credit: may toe khine - မေတိုးခိုင် ' s Facebook Page 
Photo Credit: may toe khine - မေတိုးခိုင် ' s Facebook Page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T