လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ ပြည်သူတွေ အတွက် အစားအသောက်နဲ့ အသုံးဝင်တဲ့ပစ္စည်းလေးတွေကိုပါ လှူတန်းမှုပြုလုပ်မယ့် စမိုင်းလ်

//s9.kh1.co/64/64d335f95d1686d36376cebf01d234f5deeb2cdf.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တွေကို အခုချိန်ထိ သိမ်းပိုက်ရရှိထားပြီး အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာနဲ့ ရပ်တည်နေတဲ့ မင်းသမီးချောလေးကတော့ စမိုင်းလ် ပဲဖြစ်ပါတယ်။စမိုင်းလ်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လေး လုပ်ကိုင်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူမဟာ သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကိုတည်ဆောက်ထားတာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်သဘောကျ နေကြတာလည်း ဖြစ်ပါတယ်။

Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page

စမိုင်းလ်တို့မိသားစုလေးဟာ စည်းစည်းလုံးလုံးနဲ့ အလှူအတန်းတွေမှာလည်း လက်မနှေးပဲ စိတ်အားထက်သန်စွာ ရက်ရောကြတာ ဖြစ်ပြီး မကြာခဏ အခွင့်သာသလို လှူတန်းမှုတွေကို ပြုလုပ်နေတာလည်း တွေ့ရပါတယ်နော်......။စမိုင်းလ်ဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသလို စီးပွားရေးလုပ်ငန်းတွေကိုလည်း တွဲဖက်လုပ်ဆောင်ကာ အောင်မြင်နေတဲ့ သူလေး ဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပါဝင်နေတာ ပဲဖြစ်ပါတယ်။

Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page

ဒါ့အပြင် သူမတတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေ အတွက် အားရှိစေမယ့် အစားအသောက်များကို လှူတန်းနေတာ ဖြစ်ပါတယ်။ "ဒီနေ့တော့ မိုင်လို ငှက်ပျော်သီး တရုတ်နှစ်ကူးမုန့်ချိုလေးတွေနဲ့ Helmet လေးတွေပါလှူမယ်နော် ??"ဆိုတဲ့ စာသားလေးနဲ့အတူ ပစ္စည်းတွေရဲ့ ပုံရိပ်တွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ကဲ....ချစ်ပရိသတ်တွေကလည်း စမိုင်းလ်ရဲ့ အလှူလေးကို သာဓုခေါ်ရင်း ပိုချစ်ခင်ပြီး ဝန်းရံနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page
Photo Credit-စမိုင်းလ် Smile FB page

သတင်း အရင်းအမြစ်စမိုင်းလ်Smile FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T