လူထုလှုပ်ရှားမှုမှာပါဝင်တဲ့ မည်သူမဆိုအခမဲ့ သုံးဆောင်ခွင့်ပေးနေတဲ့ စျေးသည်အစ်ကိုကို တတ်နိုင်သလောက် ကူညီလှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ

//s9.kh1.co/b8/b89787fd013cae811acdc5667821d99ba015323b.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လမ်းဘေးအသုပ်စုံစျေးသည်လေးတစ်ယောက်ရဲ့ ဂုဏ်သတင်းကတော့ လူပြောများခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုရင် လမ်းဘေးအသုပ်စုံစျေးသည်လေးက လူထုလှုပ်ရှားမှုမှာပါဝင်ကြတဲ့ မည်သူမဆို သူ့ရဲ့ဆိုင်လေးမှာ အခမဲ့ဝင်ရောက်သုံးဆောင်နိုင်တယ်ဆိုပြီး ခွင့်ပေးထားတာကြောင့်ပဲဖြစ်ပါတယ်။ ထိုစျေးသည်လေးရဲ့ စိတ်ထားလေးကို လေးစားရတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံဟာ သူရောင်းချတဲ့ နေရာကို သွားရောက်ခဲ့ပြီး လိုအပ်တဲ့ နေရာမှာအသုံးပြုဖို့အတွက် တတ်နိုင်သလောက်အလှူငွေများကို ကူညီလှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Saung Yoon San fb page
Photo Credit - Saung Yoon San fb page
Photo Credit - Saung Yoon San fb page
Photo Credit - Saung Yoon San fb page

ဒါ့အပြင် ဆောင်းယွန်းစံက ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးပြောပြထားရာမှာလည်း "CDM မှာ ပါဝင်လှုပ်ရှားပေးကြရအောင်နော် ...ဆောင်းအနေနဲ့ အမြဲလှူဖြစ်ပေမဲ့ Facebook ပေါ်တင်လေ့မရှိပါဘူး...ဒါပေမဲ့ အခုတခါတော့ ဆောင်းချစ်ရသူတွေနဲ့ တသားတည်းရှိနေကြောင်း ပြောချင်ပါတယ်...အရင်ရက်က CDM မှာပါဝင်တဲ့မည်သူမဆို အခမဲ့သုံးဆောင်ခွင့်ပေးတဲ့ အကိုအတွက်ဆောင်းကနေလည်း ပြည်သူအချင်းချင်း လေးစားရလို့ Supporting ပြန်ပေးခဲ့ပါတယ် ....

Photo Credit - Saung Yoon San fb page
Photo Credit - Saung Yoon San fb page
Photo Credit - Saung Yoon San fb page
Photo Credit - Saung Yoon San fb page

နောက်ရက်တွေမှာလည်း အတူတူလိုအပ်တဲ့နေရာတိုင်းမှာ ဆောင်းအမြဲ ရှိနေမှာပါရှင့် CDM မှာပါဝင်လှုပ်ရှားပေးဖို့သာ အဓိကပါ ကျန်တဲ့အပိုင်းက ဆောင်းတို့ အနုပညာမောင်နှမတွေက ပြည်သူတွေအတွက် အမြဲရှိနေပါမယ်နော်...." ဆိုပြီး ရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တတ်နိုင်တဲ့ဘက်ကနေ အသုပ်စုံရောင်းတဲ့ စျေးသည်လေးကို ကူညီလှူဒါန်းပေးခဲ့တဲ့ မင်းသမီးချောလေး ဆောင်းယွန်းစံကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦးနော်။

သတင်း အရင်းအမြစ်Source - Saung Yoon San fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T