ဒီကာလမှာ အခမဲ့ဆေးကုပေးနေတဲ့ သူငယ်ချင်းရဲ့ဆေးခန်းမှာ သူမသင်ယူခဲ့တဲ့ဆေးပညာကိုအသုံးချပြီး နိုင်ငံအတွက်တာဝန်ကျေခဲ့တဲ့ နီနီခင်ဇော်

//s9.kh1.co/80/80996c79d996d2ff62dfcebd43204fb45b208983.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒီကာလမှာ အခမဲ့ဆေးကုပေးနေတဲ့ သူငယ်ချင်းရဲ့ဆေးခန်းမှာ သူမသင်ယူခဲ့တဲ့ဆေးပညာကိုအသုံးချပြီး နိုင်ငံအတွက်တာဝန်ကျေခဲ့တဲ့ နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော်ကတော့ ဂီတလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ နာမည်ကြီး တေးသံရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ နီနီခင်ဇော်က အသံပါဝါအားကောင်းပြီး အရည်အချင်းရှိတာကြောင့် အခုဆိုရင် "The Voice Myanmar" သီချင်းဆိုပြိုင်ပွဲကြီးမှာပါ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်နေရပြီပဲ ဖြစ်ပါတယ် ။ အနုပညာအလုပ်ကို ဝါသနာပါတာကြောင့် စိတ်နှစ်ပြီး လုပ်ကိုင်ခဲ့တဲ့ နီနီခင်ဇော်က ဆေးပညာကိုသင်ယူခဲ့တဲ့ ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ် ။

Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc

လက်ရှိကာလမှာဆိုရင် နီနီခင်ဇော်က ပြည်သူပရိသတ်တွေဘက်ကနေ အခိုင်အမာရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာပါ ပါဝင်နေတာ ဖြစ်ပါတယ် ။ အခုလည်း နီနီခင်ဇော်က အခမဲ့ဆေးကုသပေးနေတဲ့ သူငယ်ချင်းဆရာဝန်ရဲ့ဆေးခန်းမှာ သူမသင်ယူခဲ့တဲ့ ဆေးပညာကို အသုံးချပြီး ပြည်သူတွေကိုကူညီနေတာပဲ ဖြစ်ပါတယ် ။ ဒီအကြောင်းကို နီနီခင်ဇော်က "နီနီ Medical Practice မလုပ်တာ ၈နှစ်ရှိပါပြီ.... ကျွန်မသူငယ်ချင်း Dr.ထွန်းစရဲ့ ဆေးရုံမသွားရတဲ့လူနာ​တွေ အခမဲ့ကုသကူညီ​ပေး​နေတဲ့​ဆေးခန်းမှာ ဒီ​နေ့ *ဆေးအကူ*အဖြစ်သာကူညီခွင့်ရခဲ့ပါတယ် စကားကြုံတုန်း​ပြောချင်တာက အနုပညာအလုပ်လုပ်လို့တဲ့ မဆီမဆိုင် တစ်နှစ်တစ်တန်း​အောင်ပြီး ဘွဲ့ရပါလျှက် ​ဆေးကုသခွင့်လိုင်စင်ဆမ ထုတ်မ​ပေးခဲ့တဲ့ ​ဆေး​ကောင်စီကိုလည်း တစ်ပါတည်း​ပြောချင်တာကမြန်မာပြည်တစ်ခုထဲမှာပဲရှိတဲ့ မမျှတတဲ့စည်းကမ်း​တွေကိုလည်း ပြင်​စေချင်ပါပြီ ဘက်စုံထူးချွန်လာမယ့်နောက်မျိုးဆက်အတွက်ပါ"

Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc

"(ဆရာဝန် ဖြစ်​သော်ငြား အခြားအလုပ်လုပ်သူများ ဆမရကြပါတယ် အနုပညာအလုပ်တစ်ခုသာမ​ပေး​သော) နောက်တခု​ပြောချင်တာက ထစ်ကနဲဆိုဆရာဝန် အနုပညာရှင်​တွေဟာ ကျန်းမာ​ရေးအသိ​ပေးအ​နေနဲ့ ပြည်သူ့ထံ​ရှေ့ဆုံးကထွက်ရတာပါ အ​ရေးကြီးတာက​တော့ CDM ​တွေတစ်နိုင်ငံလုံးအမြန်ဆုံး​အောင်မြင်ရပါမယ်မဟုတ်ရင် နစ်နာရတဲ့သူ​တွေဟာ ပြည်သူ​တွေသာဖြစ်ပါလိမ့်မယ် ကိုထွန်းစအပါအဝင် ကျွန်မသူငယ်ချင်း ဆရာဝန်များ CDM ကို Support ​ပေး​သော အခမဲ့ ​ဆေးရုံ​ဆေးခန်းများ ဝန်ထမ်း​များအားလုံးကို​လေးစားဦးညွှတ်လျှက် ဒီကာလအတွင်း​ဆေးခန်း​တစ်ပတ် ၂ ရက်ထိုင်ကူ​ပေးပါမယ် နီနီထိုင်တဲ့ရက်​​တွေ ​လာပြသမျှဆေးဖိုးဝါးခ​တွေဒါနပြုပေးပါမယ်ရှင် ​ရွှေဆေးခန်းမြောက်ဥက္ကလာ" ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ကဲ ဒီကာလမှာ ပြည်သူပရိသတ်တွေအတွက် တစ်ဖက်တစ်လမ်းကကူညီပြီး ဆေးကုသပေးနေတဲ့ နီနီခင်ဇော်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -Ni Ni Khin Zaw's FB Acc

Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Photo Credit -Ni Ni Khin Zaw's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T