နေမကောင်းပေမယ့် ခင်ပွန်းဖြစ်သူနဲ့ လမ်းပေါ်ကို အတူတူထွက်လာပြီး ပြည်သူလူထုအတွက် စားစရာတွေရက်ရက်ရောရောဝေငှခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယို

//s9.kh1.co/f2/f272030daa434fcb8eb3821f5d1c3f1db54b6bf9.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

နေမကောင်းပေမယ့် ခင်ပွန်းဖြစ်သူနဲ့ လမ်းပေါ်ကို အတူတူထွက်လာပြီး ပြည်သူလူထုအတွက် စားစရာတွေရက်ရက်ရောရောဝေငှခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယို

မင်းသမီးချောလေး ရွှေမှုံရတီကတော့ အဆိုတော်၊ မင်းသားချောရွှေထူးနဲ့ ထိမ်းမြားလက်ထပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ တွဲလက်တွေခိုင်မာပြီး စိတ်တူကိုယ်တူလျှောက်လှမ်းနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူတို့စုံတွဲလေးကို ချစ်ခင်အားပေးတဲ့အပြင် အရမ်းကိုအားကျနေရတာလည်း ဖြစ်ပါတယ် ။

Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc

လက်ရှိကာလမှာဆိုရင်လည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံက ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွလှုပ်ရှားရင်း နိုင်ငံအတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ ရွှေရွှေတို့စုံတွဲလေးက ည(၈)နာရီတိုင်း အချိန်မှန်မှန် သံပုံးတီးပြီး ပြည်သူလူထုရဲ့ဆန္ဒနဲ့ ထပ်တူကျကြောင်း သက်သေပြခဲ့သေးတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ရွှေထူးနဲ့ ရွှေမှုံတို့စုံတွဲလေးက ကန်တော်ကြီးပတ်လမ်းကိုသွားရောက်ပြီး လူထုလှုပ်ရှားမှာ ပါဝင်ခဲ့သလို စားစရာတွေပါ လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc
Photo Credit -Shwe Mhone Yati's FB Acc
Photo Credit -Shwe Mhone Yati's FB Acc

ရွှေမှုံရတီက "သဲ နေမကောင်းပေမယ့် သဲတို့အဖွဲ့နဲ့ အတူ တတ်နိုင်တဲ့ဘက်က ကူညီအားပေးခဲ့ပါတယ် ...အအေးကဒ်တွေနဲ့ ချိုချဉ်လေးတွေ အမောပြေအောင် ကမ်းပေးခဲ့ပါတယ် အားလုံး အ‌န္တရာယ်ကင်းကြပါစေ သဲတစ်ပွင့်" ဆိုပြီး လှုပ်ရှားမှုတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ရွှေမှုံရတီကတော့ နေမကောင်းဖြစ်နေတာတောင် ခင်ပွန်းနဲ့အတူ လမ်းပေါ်ထွက်ပြီး ပြည်သူလူထုနဲ့တစ်သားတည်း ရပ်တည်ပြခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Shwe Mhone Yati's FB Acc

Photo Credit -Shwe Mhone Yati's FB Acc
Photo Credit -Shwe Mhone Yati's FB Acc
Photo Credit -Htoo Khant's FB Story 
Photo Credit -Htoo Khant's FB Story 
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T