လက်ရှိအခြေအနေမှာ လူငယ်ပီပီ ရဲရင့်တတ်ကြွစွာ ပြည်သူလူထုနဲ့ တစ်သားတည်း ပါဝင်လှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ စံထိပ်ထားဦး

//s9.kh1.co/c7/c7d7ef29abd71649d1ab769dd62d424844f84c9c.jpg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....ဝါရင့်သရုပ်ဆောင် မင်းသ မီးကြီး မခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးချောလေး စံထိပ်ထားဦး ကတော့ မိခင်ရဲ့အနုပညာသွေး အပြည့်ပါတဲ့သူလေး ဖြစ်တဲ့ အပြင် ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတာ ဖြစ်ပါတယ်။မခိုင်လေးကတော့ သူမရဲ့ သမီးလေးကို ပိုးမွေးသလို ပြုစုစောင့်ရှောက်ထားတာ ဖြစ်ပြီး မိခင်နဲ့ အတူ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီ ပဲဖြစ်ပါတယ်နော်......။

Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page

ထိပ်ထိပ်လေးကတော့ လတ်တလောမှာ ကြော်ငြာတွေနဲ့ Photo Shooting တွေကို လက်ခံရိုက်ကူးနေတာ ဖြစ်ပြီး အားလပ်ချိန်လေးတွေမှာတော့ အမိုက်စား Tik Tok လေးတွေကို ပျော်ပျော် ရွှင်ရွှင် အကလေးနဲ့ ဆော့ကစားတတ် သူလေး ဖြစ်ပါတယ်။အခုလက်ရှိမှာတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်ကြောင့် ထိပ်ထိပ်လေးဟာ လူငယ်ပီပီ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင် လုပ် ဆောင်နေတာ ပဲဖြစ်ပါတယ်။

Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page

မနေ့က ထိပ်ထိပ်လေးရဲ့ လူမူကွန်ယက်စာမျက်နှာပေါ်တွင် သူမရဲ့ အဖေနဲ့အတူ လမ်းမထက်တွင် နိုင်ငံအတွက် တတ်နိုင်သလောက် ပါဝင်လှုပ်ရှားမှုတွေကို ပြည်သူလူထုနဲ့ အတူ တတ်ညီလက်ညီ မမောမပန်းပဲ လုပ်ဆောင်နေတာလေးကို သူမရဲ့ချစ်ပရိသတ်တွေ အတွက် ဖော်ပြပေးလာတာ တွေ့ရပါတယ်နော်.....။ထိပ်ထိပ်လေးရဲ့ လုပ်ရပ်ကိုသူမရဲ့ အမေဖြစ်သူ မခိုင်လေးကလည်း ကျေနပ်ပီတီ ဖြစ်ကာ ဂုဏ်ယူနေတာလေးကိုလည်း တင်ပေးထားတာ တွေ့ရတာ ဖြစ်တဲ့အတွက် ထိပ်ထိပ်ရဲ့ ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page
Photo Credit-San Htate Htar Oo FB Page

သတင်း အရင်းအမြစ်San Htate Htar Oo FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T