ပင်ပန်းနေကြတဲ့လူအုပ်ကြီးအတွက် ဗိုက်ဆာမှာစိုးလို့ ကိုယ်တိုင်ချက်ထားတဲ့ထမင်းဘူးတွေကို လိုက်ဝေပေးခဲ့တဲ့စိုးပြည့်တို့မိသားစု

//s9.kh1.co/4d/4d670a92917290555e6e63e665326ea6725ec5d5.jpeg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

ပင်ပန်းနေကြတဲ့လူအုပ်ကြီးအတွက် ဗိုက်ဆာမှာစိုးလို့ ကိုယ်တိုင်ချက်ထားတဲ့ထမင်းဘူးတွေကို လိုက်ဝေပေးခဲ့တဲ့စိုးပြည့်တို့မိသားစု

အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်နော်။စိုးပြည့်က အနုပညာလောကထဲကို (၁၈)နှစ်အရွယ်လောက်ကတည်းကဝင်ရောက်လာခဲ့တာဖြစ်လို့ သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။စိုးပြည့်သဇင်ကအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ကာ သူမသွားသမျှနေရာတိုင်းကိုလည်း ဖေဖေနဲ့မေမေကို ခေါ်သွားလေ့ရှိပါတယ်နော်။

Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 

အခုဆိုရင်လည်း စိုးပြည့်တို့မိသားစုကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာ လမ်းမပေါ်ထွက်ပြီးတစ်တပ်တစ်အားပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။စိုးပြည့်ရဲ့ မေမေနဲ့ဖေဖေကလည်း အသက်ကြီးကြပေမယ့်အနာဂတ်လူငယ်လေးတွေအတွက် တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်နော်။မနေ့ကဆိုရင်လည်းလမ်းမပေါ်ထွက်ပြီး ပင်ပင်ပန်းပန်းနဲ့ ရင်ဆိုင်နေကြတဲ့ လူအုပ်ကြီးအတွက် ဗိုက်ဆာမှာစိုးလို့ ထမင်းဘူးတွေကိုလိုက်ဝေပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 

စိုးပြည့်ရဲ့မေမေကတော့”ပင်ပန်းနေတဲ့သူတွေ ထမင်းဆာမှာစိုးလို့တစ်တပ်တစ်အားထမင်းထုပ်လိုက်ဝေပေးနေတာပါ ကိုယ်တိုင်ချက်ထမင်းထုပ်(၃၀၀)ပင်ပန်းပေမယ့် သူတို့တွေကိုမြင်တော့လည်းအမောပြေပြီ တစ်တိုင်းပြည်လုံးနေရာအနှံ့ညီလိုက်ကြတာအုံးအုံးကြွက်ကြွက်ပါပဲ အသက်ကြီးပေမယ့်နောင်အနာဂတ်လူငယ်လေးတွေအတွက်ကိုယ်လည်းပါဝင်ချင်တယ်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။စိုးပြည့်တို့ကလည်း တစ်မိသားစုလုံး လမ်းမပေါ်ထွက်ပြီး တစ်ဖက်တစ်လမ်းကနေ ကူညီဖေးမပေးနေကြတာဖြစ်လို့ သူမတို့ရဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 
Photo Credit:Mar Lar’s Facebook Account 

Source&Photo Credit:Mar Lar’s Facebook Account 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T