ယနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ တရုတ်သံရုံးရှေ့သွားရောက်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ နန်းစုရတီစိုး

//s9.kh1.co/13/1375bfb9e767fe0cfb53337f3cc349b8a085f35a.jpeg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး နန်းစုရတီစိုးကတော့ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ သူတစ်ယောက်ပါနော်။ နန်းစု ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေက ပီပြင်ကောင်းမွန်ပြီး သဘာဝကျတာကြောင့် ပရိသတ်အားပေးမှု များစွာ ရရှိထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပညာသာမကပဲ အဆိုပညာမှာလည်း ပိုင်နိုင်တဲ့ နန်းစုက ကိုယ်ပိုင်တေးသီချင်းတွေကို ထွက်ရှိအောင်မြင်ထားတာလည်း တွေ့ရပါတယ်။

Photo credit - Nansu Yati Soe's Fb Account

နန်းစုက ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ရင်လည်း လိုက်ဖက်လှပတဲ့ အဝတ်အစားလေးတွေကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ ဖက်ရှင်မင်းသမီးလို့လဲ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ နန်းစုက သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဥ်လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ အမြဲလိုလိုတင်ပေးလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။

Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account
http://mmload.com/news/86361
http://mmload.com/news/86361
Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account

ဒါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေး ကိစ္စတွေမှာ ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ပြီး တစ်သားတည်း ပူးပေါင်းဆောင်ရွက်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။ နန်းစုက သူမရဲ့ ဖေ့ဘွတ်အကောင့်ထက်မှာ " ရုံးမတက်နဲ့ ရုန်းထွက်

Support CDM, Together in CDM

(တရုတ်နှစ်သစ်ကူးမှာ တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ရမယ်လို့ တစ်ခါမှမတွေးမိဘူး) " ဆိုပြီး ရေးသားကာ တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ရက်တွေ ဆက်တိုက် လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့ ရပ်တည်ပေးခဲ့တဲ့ နန်းစုရဲ့ ပုံလေးတွေကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account

သတင်း အရင်းအမြစ်Source - Nansu Yati Soe's Fb Account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T