လမ်းလျှောက်ရလို့ မောပန်းနေတဲ့ ပြည်သူတွေကို အချိုရည်ဘူးတွေ ဝေငှရင်း လမ်းပေါ်က အမှိုက်တွေကိုလည်း ကိုယ်တိုင်ကောက်နေခဲ့တဲ့ Bobby Soxer

//s9.kh1.co/39/39945d8e26dedff346861a0aeeb1606d84e92f3c.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

Rapအဆိုတော်မလေး Bobby Soxer ကတော့ လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်မှုတွေ တစ်ခဲနက်ပိုင်ဆိုင်ထားသူပါ။ သူမရဲ့ တေးသီချင်းတွေက ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကြပြီး စာသားတွေလည်း မိမိုက်တာ​ကြောင့် အသက်ငယ်ငယ်လေးနဲ့ အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်ထားနိုင်တာလည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တဲ့ သူမက ဂီတနဲ့ ပတ်သတ်တဲ့ ဆု တံဆိပ်ပေါင်းများစွာကို ထိုက်ထိုက်တန်တန်ရရှိထားတာပဲ ဖြစ်ပါတယ်။ 

Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account

အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေကို ဆွတ်ခူးထားတဲ့ သူမက အချစ်ရေးနဲ့ ပတ်သတ်ရင်လည်း လူအများရဲ့ အားကျမှုကို ရရှိထားပါသေးတယ်။ Bobby Soxer က မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အဆိုတော် လွှမ်းပိုင်နဲ့လည်း ဆယ်စုနှစ်တစ်ခုကြာ လက်တွဲနေတာဖြစ်လို့ အဖက်ဖက်က ပြည့်စုံသူလေးပါနော်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကို တစ်ခဲနက် စောင့်ကြည့် အားပေးကြတဲ့ ပရိသတ်တွေအတွက် ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။

Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account

ဒါကတော့ ချစ်သူလေး လွှမ်းပိုင်နဲ့အတူ လမ်းပေါ်ထွက်ကာ ပြည်သူတွေဘက်က ရပ်တည်ပေးနေတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ပုံလေးတွေထဲမှာ Bobby Soxerက လမ်းလျှောက်ရလို့ ပင်ပန်းနေတဲ့ ပြည်သူတွေအတွက် အချိုရေဘူးတွေ လှူဒါန်းနေခဲ့တာပါ။ ဒါ့အပြင် လမ်းတစ်လျှောက်မှာရှိတဲ့ အမှိုက်တွေကိုလည်း သိမ်းနေခဲ့ပြီး ကုသိုလ်ယူနေတာဖြစ်လို့ Bobby Soxer ရဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။  

Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account
Photo credit - Bobby Soxer 's FB account

သတင်း အရင်းအမြစ်Source - Bobby Soxer 's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T