လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပါဝင်မိလို့ နယ်နင်ဒဏ်ပေးခံရတယ်ဆိုပြီး သတင်းအမှားထွက်ပေါ်မှုအပေါ် ပြောဆိုလာတဲ့ Sinon Loresca

//s9.kh1.co/b1/b16cadc57526898978424e4ef2d2e392d8deda6a.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ မြန်မာနိုင်ငံကို ချစ်ခင်တွယ်တာပြီး ရိုးသားတဲ့ ပြည်သူတွေကို အချစ်ပိုတာကြောင့် အခြေချနေထိုင်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူကတော့ ဖိလစ်ပိုင် Cat Walk မော်ဒယ်လ် Sinon Loresca ပဲ ဖြစ်ပါတယ်။ Sinonကတော့ နိုင်ငံတကာမှာ အောင်မြင်မှုတွေရရှိထားပြီး ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါနော်။ စိတ်ထားဖြူစင်ပြီး အလုပ်ကြိုးစားတဲ့ သူ့ကို အနုပညာရှင်မောင်နှမတွေကပါ အချစ်ပိုကြတာလည်း ဖြစ်ပါတယ်။

Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE

ဒါ့အပြင် ဖော်ရွေတဲ့ အပြောအဆိုနဲ့ အလှူသဒ္ဓါတရားထက်သန်တဲ့ သူ့ကို မြန်မာနိုင်ငံက ပရိသတ်တွေကလည်း အားပေးကြတာဖြစ်ပါတယ်။ ကြိုးစားရှာဖွေထားတဲ့ အနုပညာငွေကြေးနဲ့ မကြာခဏဆိုသလို အလှူပြုလေ့ရှိတဲ့ Sinonက ယခုဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်မှာလည်း တက်နိုင်တဲ့ ဘက်ကနေ ပါဝင်ကူညီပေးခဲ့ပါသေးတယ်။ ချက်ချင်းဆိုသလို ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာတွေအပေါ် မြန်မာနိုင်ငံသားပြည်သူတွေနဲ့အတူ Sinonက အပြည့်အဝရပ်တည်ပေးတာလည်း ဖြစ်ပါတယ်။ 

Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE

အခုလို Sinonက သူကိုယ်တိုင် ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့အပေါ် သတင်းအမှားတွေလည်း ထွက်ပေါ်ခြင်းခံခဲ့ရပါသေးတယ်။ အခုလို အထင်အမြင်လွဲစေတဲ့ သတင်းအမှားတွေအပေါ် Sinonက အခုလို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ရေးသားဖြေရှင်းလာခဲ့ပါတယ်။ ဒါကတော့ " အဲ့တာ အမှန်မဟုတ်ပါဘူး ကျွန်တော် ပြည်နှင်ဒဏ်ပေးခံရတယ်ဆိုတာ ကျေးဇူးပြု၍သတင်းအမှားတွေ မဖြန့်ကြပါနဲ့ခင်ဗျာ အချင်းချင်းကြင်နာကြပါ ငြိမ်းချမ်းပါစေ..NOT TRUE Let’s STOP spreading FAKE NEWS spread peace and kindness " ဆိုပြီး ရေးသားလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ဖတ်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE
Photo credit - Sinon Loresca's FB PAGE

သတင်း အရင်းအမြစ်Source - Sinon Loresca's FB PAGE

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T