အနုပညာမောင်နှမတွေစုပေါင်းကာ လူထုလှုပ်ရှားမှုတွေမှာငြိမ်းချမ်းစွာပါ၀င်ရင်း အတူပါ၀င်ခဲ့ကြတဲ့သူတွေကိုပါကျေးဇူးတင်စကားဆိုလာတဲ့ ပိုးကြာဖြူခင်

//s9.kh1.co/28/284a1c5a9fa3f14acaed9be5c4136ee14a772ba5.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ Mrtv-4ဇာတ်လမ်းတွဲတွေရဲ့ ချစ်စရာမင်းသမီးချောလေးတစ်ဦးဖြစ်ပြီး မိုးကောင်းကင်အိမ်မက်ဆိုတဲ့ ဇာတ်လမ်းတွဲမှာဆိုင်းမိုင်အနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တဲ့ ပိုးကြာဖြူခင်ကိုသိကြမယ်ထင်ပါတယ်နော်.....။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့အတူလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာဖြစ်ပြီး ဒီထဲမှာဆိုရင်ပိုးကြာဖြူခင်တစ်ယောက်လည်း တက်ကြွစွာပါ၀င်နေတာဖြစ်ပါတယ်။

Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

လူထုလှုပ်ရှားမှုတွေဟာ ဒီနေ့မှာဆိုရင် (၆)ရက်မြောက်နေ့ကိုရောက်ရှိလာပြီဖြစ်ပြီးတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ဆက်လက်လုပ်ဆောင်နေကြတာကို ပရိသတ်ကြီးလည်း တွေ့မြင်ကြမယ်ထင်ပါတယ်။ ပိုးကြာဖြူခင်အပြင်အခြားသောအနုပညာရှင်များစွာကလည်း လက်ရှိလှုပ်ရှားမှုတွေမှာ အားတက်သရောပါ၀င်ကြတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်နော်....။

Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

ပိုးကြာဖြူခင်ဟာဒီနေ့မှာဆိုရင် အနုပညာရှင်မောင်နှမတွေစည်းစည်းလုံးလုံးနဲ့ မြန်မာပလာဇာရှေ့မှာ အေးချမ်းစွာနဲ့လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး သူမရဲ့ Facebookစာမျက်နှာမှာလည်း "အနုပညာမောင်နှမများ မနက်အစောကြီးထ ပြီး ရအောင်စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ် ကျမတို့နဲ့အတူ တိုက်ပွဲဝင် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပြည်သူတွေ အားလုံးကို ရင်ထဲက နေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် အားလုံးပဲ fighting ပါ CDM ကိုလဲ ဆက်လုပ်ကြပါ ဒီနေ့ ဝမ်းသာမိတာက အားလုံးက ညီကြတယ် စည်းကမ်းရှိတယ် ချစ်စရာကောင်းတယ် ထမင်းဘူးတွေ ရေဘူး တွေ လက်သန့်ဆေးတွေ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းပေးကြတယ် ဒီနေ့ ကျမတို့ အတွက် စားစရာ လှူဒါန်းပေးခဲ့ကြတဲ့ ကိုမိုးမိုးမိသားစု နဲ့ အားလုံးအတွက် လက်သန့်ဆေးနဲ့ ဒါဏ်ကြေဆေးလှူဒါန်းပေးတဲ့ Bella မိသားစုကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ?????? မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ စစ်အာဏာရှင်စနစ် ကျရှုံးပါစေ....." ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

သတင်း အရင်းအမြစ်Poe Kyar Phyu Khin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T